တော်ဝင်စင်တာ(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ကံထူးရှင်(၄၆)ဦးကိုဖေဖော်ဝါရီလ(၆)ရက်က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ဆုချီးမြှင့်ခဲ့ပါတယ်။တော်ဝင်စင်တာ(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဆုချီးမြှင့်ဖို့အတွက် ပြီးခဲ့တဲ့ (၂၀၁၇) နိုဝင်ဘာလ(၁၁)ရက်ကနေ (၂၀၁၈)ခုနှစ် ဇန်န၀ါရီ(၁၁)ရက်အထိ တော်ဝင်စင်တာမှာ ငွေကျပ်(၂)သောင်းဖိုးအထက် လာရောက်ဈေးဝယ်သူတွေကို ဆုမဲများရွေးချယ်မဲဖောက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုရွေးချယ်ရာမှာ ဆုမဲပေါင်း(၆)သောင်း(၃)ထောင်ကျော်ထဲမှ အရေအတွက် (၂၂၀)ကို ရွေးချယ်ပေးသွားခဲ့တာဖြစ်ပြီး ဇန်န၀ါရီ(၁၇)ရက်မှာတော့ ဆုမဲပေါက်တဲ့ ဈေးဝယ်သူတွေကို တစ်ပတ်အတွင်းလာရောက်ထုတ်ယူနိုင်အောင် FM Radio များ၊ တော်ဝင်စင်တာ Facebook Page မှာလည်းကြေညာပေးခဲ့သလို ဆုမဲအသေးတွေကတော့ တစ်ပတ်အတွင်းပေးအပ်ချီးမြှင့် ခဲ့တာဖြစ်ပါတယ်။
 
ဖေဖော်ဝါရီလ(၆)ရက်နေ့မှာတော့ ဆုမဲအကြီး(၄၆)မဲကိုမဲဖောက်ပေးခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် တော်ဝင်မိသားစုအနေနဲ့ ဒီလိုအထိမ်းအမှတ်ပွဲမျိုးပြုလုပ်တာ(၁၁)ကြိမ် ရှိပြီလို့ သိရပါတယ်။ တော်ဝင်စင်တာမှာဈေးဝယ်ခဲ့တဲ့ ကံထူးရှင်(၂၂၀)ဦးထဲမှ တစ်ဦးအပါအ၀င်ဖြစ်တဲ့ Ford Focus (Brand New)ကား ပေါက်သွားတဲ့ကံထူးရှင်တစ်ဦးကတော့ တော်ဝင်စင်တာမှာ ငွေကျပ်(၆)သိန်းကျော်ဖိုးလာရောက်ဝယ်ယူရင်း ဆုမဲနှိုက်ဖို့အတွက်ကူပွန်ရေးပြီး ထည့်ခဲ့တယ်လို့ သိရပါတယ်။
 
 
 

Related News