STI တက္ကသိုလ် မှ သင်ကြားနေတဲ့ မဟာဘွဲ့သင်တန်းနဲ့ University of  Bedfordshire က ချီးမြှင့်မည့် မဟာဘွဲ့ အတွက်  ပညာသင်ဆုတွေကိုဖေဖော်ဝါရီ(၃)ရက်က MICT Park မှာ ချီးမြှင့်ခဲ့ပါတယ်။ 
ပုဂ္ဂလိကတက္ကသိုလ်ဖြစ်တဲ့ STI ဟာ ပညာသင်ဆုကို ရွေးချယ်ခဲ့ ရာမှာတော့ ပညာသင်ဆု လျှောက်ထားခဲ့တဲ့သူတွေဟာ ဘွဲ့တစ်ခု ရရှိထားသူတွေ ဖြစ်ပြီး အခြေခံအားဖြင့် အင်္ဂလိပ်စာ ကောင်းမွန်သူတွေကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီပညာသင်ဆုကိုရွေးချယ်ခဲ့ရမှာတော့ ရခိုင်ဒေသ ဖွံဖြိုးဖို့ ဘယ်လိုဆောင်ရွက်မှာလဲ ဘယ်လိုဆောင်ရွက်ပေးမှာလည်း ဆိုတာကို အဓိကမေးခွန်းအဖြစ် မေးမြန်းရွေးချယ်ခဲ့တယ်လို့ STI ရဲ့ တာဝန်ရှိသူကပြောပါတယ်။

ပညာသင်ဆုတွေကတော့ ပြည်သူ့ကျန်းမာရေးမဟာသိပ္ပံဘွဲ့၊ စီးပွားရေးစီမံခန့်ခွဲမှု မဟာသိပ္ပံဘွဲ့ နှင့်အင်္ဂလိပ်စာမဟာသိပ္ပံ ဘွဲ့တွေအတွက်  ကျောင်းသားကျောင်းသူ ငါးဦးကိုရွေးချယ် ပေးအပ်ခဲ့တာ ပါ။ ဒီပညာသင်ဆု အတွက်ရွေးချယ်ရာမှာတော့ တစ်နိုင်ငံလုံးမှ ရွေးချယ်ခဲ့တာဖြစ်ပြီး ရခိုင်ဒေသခံ တစ်ချို့နှင့် နိုင်ငံအတွင်းမှသက်ဆိုင်ရာ ပညာရပ်နယ်ပယ်  အလုပ်လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေကို လည်း ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။ပညာသင်ဆု မဟာဘွဲ့အတွက် သင်ကြားမှုတွေကိုတော့ MICT Park မှာ ဖွင့်လှစ်သင်ကြား နေတဲ့ STI University သင်တန်းမှာပဲ တက်ရောက်သင်ကြားရမှာ ဖြစ်တယ်လို့သိရပါတယ်။

ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားမှာပညာရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့ပြီးနောက်လာမယ့် စာသင်နှစ်အတွက် ပညာသင်ဆုတွေကိုလည်း STI University က ဖွင့်လှစ်တဲ့ မဟာသိပ္ပံတန်းတွေကို ပညာသင်ဆုတွေကို လာမယ့် အောက်တိုဘာလမှာ ဆက်လက်ပေးအပ် သွားဖို့လည်း ရှိတယ်လို့သိရပါတယ်။

 

 

 

Related News