(၉)ကြိမ်မြောက်ပြုလုပ်တဲ့ မြန်မာနိုင်ငံအပါအ၀င် အာဆီယံ(၁၀)နိုင်ငံမှ ဆရာဝန်ကြီးများ ညစာစားပွဲကို ဖေဖော်ဝါရီလ(၃)ရက်က ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မြတ်ခင်းပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ 
(၂)နှစ်တစ်ကြိမ် ပြုလုပ်နေကြဖြစ်တဲ့ အာဆီယံနိုင်ငံအသီးသီးမှ အူမကြီးကင်ဆာနဲ့ ပတ်သက်တဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေစုပေါင်းပြီး ညစာစားပွဲပြုလုပ်တာဖြစ်ပါတယ်။

ဒီညစာစားပွဲ မတိုင်ခင်မှာ အူမကြီး ကင်ဆာအကြောင်းနဲ့ပတ်သက်ပြီး ခေတ်မှီ နည်းပညာတွေနဲ့ ကုတတ်နိုင် အောင်၊ ကုသစရိတ်လည်းသက်သာအောင် အတွေ့အကြုံဗဟုသုတတွေကို ဖလှယ်ကြဖို့ တွေ့ဆုံခဲ့ကြ တာ ဖြစ်ပါတယ်။အာဆီယံ(၁၀)နိုင်ငံမှ အူမကြီးကင်ဆာနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသရာမှ အတွေ့အကြုံ ဖလှယ်မှုတွေကို (၂၀၀၂)ခုနှစ်ကတည်းကစတင်ပြုလုပ်လာတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ကတော့ ၂၀၀၇ ခုနှစ်မှပါဝင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ညစာစားပွဲမှာ အာဆီယံ(၁၀)နိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီး (၃၀၀)ကျော်တက်ရောက် ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ 

 

 

 

Related News