မန္တလေးမြို့မှာ ကျောက်မျက်ရတနာနဲ့ပတ်သက်တဲ့ နိုင်ငံတကာအဆင့်မီတဲ့ ဈေးပွဲတော်တွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဇန်န၀ါရီလ ၁၆ရက်နေ့ အောရီယန်တယ်ဟောက်(စ်)မှာ ပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)ရဲ့ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးက သိရပါတယ်။  ဒါ့အပြင် ၂၀၁၈ -၂၀၂၀ ခုနှစ်အတွင်းမှာ မန္တလေးမြို့မှာ ကျောက်မျက်ရတနာနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းတွေ ဖြစ်လာဖို့နဲ့ နိုင်ငံတကာအဆင့်မီတဲ့ ဈေးပွဲတော်တွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကျောက်ကျေက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးမြင့်ဟန်က အခုလိုပြောပါတယ်။
 
ရန်ကုန် မန္တလေး မြစ်ကြီးနားမြို့တွေမှာ နေ့ချင်းပြီး အခွန်ဆောင်ကာ လက်ဝတ်ရတနာ အချောထည်တွေ ပြည်ပကိုရောင်းချနေတာ မန္တလေးအသင်းက အောင်မြင်မှုရှိနေပြီး အဲ့ဒီကနေ အခွန်ရရှိမှုမှာ ၂၀၁၁ ခုနှစ် (၈)လပိုင်းကနေ အခုလက်ရှိအချိန်အထိ  မြန်မာငွေကျပ်သိန်းပေါင်း (၄၆၀၀၀) ကျော် ရရှိထားတယ်လို့ သိရပါတယ်။ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)မှာ အသင်းသားအရေအတွက်ဟာ အရင်က (၁၀၀၀) ၀န်းကျင်ရှိပြီး အခုလက်ရှိ (၇၀၀၀)ကျော်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
 
 
 

Related News