တော်ဝင်စင်တာ(၇)နှစ်ပြည့် အခမ်းအနားကို ဇန်န၀ါရီလ(၁၅)ရက်က တော်ဝင်စင်တာ ဒုတိယထပ်မှာ ပြုလုပ်ခဲ့ပါတယ်။တော်ဝင်စင်တာ(၇)နှစ်ပြည့်အခမ်းအနားကို ပြီးခဲ့တဲ့ (၂၀၁၇) နိုဝင်ဘာလ(၁၁)ရက်ကနေ (၂၀၁၈)ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်အထိ တော်ဝင်စင်တာမှာ ငွေကျပ်(၂)သောင်းဖိုးအထက် လာရောက်ဈေးဝယ် သူတွေကို ဆုမဲတွေ ရွေးချယ်မဲဖောက်ပေးနေတာ ဖြစ်ပါတယ်။ အခုလိုရွေးချယ်ရာမှာ ဆုမဲပေါင်း (၆)သောင်း(၃)ထောင်ကျော်ထဲမှ အရေအတွက်(၂၂၀)ကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
 
လာရောက်ဈေးဝယ်သူတွေကိုမဲဖောက်ပေးမယ့်ပစ္စည်းတွေကတော့ ကားတစ်စီး၊ ရတနာပစ္စည်း၊TV၊ I Phone၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ ကိုရီးယားခရီးစဉ်တွေအပြင်Gift Voucherအစရှိတာ တွေကိုပါ မဲဖောက်ပေးသွားမယ်လို့ ပြောပါတယ်။ဇန်န၀ါရီ(၁၅)ရက်နေ့မှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေမှ ဆုမဲအရေအတွက်(၂၂၀)ကို မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး ဇန်န၀ါရီ(၁၇)ရက်နေ့မှာတော့ ဆုမဲပေါက်တဲ့ဈေးဝယ်သူတွေကို တစ်ပတ်အတွင်း လာရောက်ထုတ်ယူနိုင်အောင် FM Radio များ၊ တော်ဝင်စင်တာ Facebook Page မှာလည်း ကြေညာပေးသွားမယ်လို့ သိရပါတယ်။
 
 
 

Related News