မိုးကုတ်နှစ်(၈၀၀) ပြည့်ပွဲတော် အခမ်းအနားကိုလာမယ့် မတ်လ(၂၉)၊(၃၀)(၃၁)ရက်တို့မှာ မိုးကုတ်မြို့နယ်မှာ ကျင်းပသွားမယ်လို့ ဇန်န၀ါရီလ(၁၂)ရက် ရန်ကုန်မြို့ ရွှေလိပ်ပြာဟိုတယ်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှ သိရတာဖြစ်ပါတယ်။ မိုးကုတ်နှစ်(၈၀၀) ပြည့်ပွဲတော် အခမ်းအနားကို ကျင်းပရတာဟာ မိုးကုတ်မြို့မှ ထွက်ရှိတဲ့ ကျောက်မျက်ရတနာနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသအတွင်းမှာ စုပေါင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကို ပြည်တွင်းကသာမက ပြည်ပနိုင်ငံတွေ အထိ သိရှိစေရန်၊ သမိုင်းအစဉ်လာကြီးတဲ့ မိုးကုတ် (Ruby Land) ဖြစ်တဲ့အတွက် နောင်လာ နောင်သားတွေကို လက်ဆင့်ကမ်းပေးနိုင်ရန်၊ မြန်မာ့ခရီးသွားကဏ္ဍမှာ အရေးပါသော ဒေသတစ်ခု ဖြစ်လာစေရန်၊ တိုင်းရင်းသားဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို မိုးကုတ်နှစ်(၈၀၀) ပြည့်အခမ်းအနားကို ကျင်းပရတဲ့အတွက် မိုးကုတ်ဒေသကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာစေပြီး မိုးကုတ်မြို့မှာ ခရီးသွားလုပ်ငန်း တိုးတက်စေဖို့အဓိကထားပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ မိုးကုတ်မြို့နှစ်(၈၀၀)ပြည့်ပွဲတော်အခမ်းအနားမှာ ဖျော်ဖြေရေးအစီစဉ်၊ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်ခြင်း၊ သာသနာရေးပွဲတော်တွေ ပါဝင်ပြီးမိုးကုတ်နှစ်(၈၀၀)ပြည့်ပွဲတော် ကျင်းပပြီးစီး ခဲ့ရင်လည်း ရန်ကုန်၊ မန္တလေး၊ မိုးကုတ်ကော်မတီတွေ ပူးပေါင်းပြီးဒေသဖွံ့ဖြိုးရေး၊ မိုးကုတ်လူငယ် တွေရဲ့ ပညာရေး၊ အားကစား၊ မူးယစ်ဆေးဝါးပညာပေးသင်တန်း၊ မြို့သာယာရေးတို့ကို ပါဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
 

Related News