ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ Forever Group Co.,Ltd မှ စီစဉ်ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို စက်တင်ဘာလ (၂၀)ရက်နဲ့ (၂၁)ရက်နေ့တို့မှာ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပလျက်ရှိပါတယ်။ ဒီပြိုင်ပွဲကို မူလပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အငြိမ့်အဖွဲ့ပေါင်း(၃၄)ဖွဲ့ထဲက (၈)ဖွဲ့ကို ရွေးချယ်ယှဉ်ပြိုင်စေ ခဲ့တာ ဖြစ်ပါတယ်။ ရွေးချယ်ခဲ့တဲ့ အငြိမ့်အဖွဲ့တွေနဲ့ ယှဉ်ပြိုင်ကြမယ့် ရက်တွေကတော့ ပထမရက်မှာ “ဖူးသစ်ကြယ်စင်” “ရွှေညာမြေရဲ့ကြယ်ပွင့်များ” “မော်ဒယ်ဟား” “ခေတ်သစ်ကြေးမုံ” အငြိမ့်အဖွဲ့တို့ဖြစ်ပြီး ဒုတိယရက်ဖြစ်တဲ့ ဒီနေ့ စက်တင်ဘာလ(၂၁)ရက်မှာတော့ “စကားဝါမြေ” “မန်းစတား” “ဇွဲ” “လူငယ်စတား”စတဲ့အငြိမ့်အဖွဲ့တွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဆုတွေအနေနဲ့လည်း ပထမဆု၊ ဒုတိယဆု၊ တတိယဆုအပြင် ထပ်တိုးဆုတွေကိုလည်း တဆက်တည်းချီးမြှင့်သွားမယ်လို့ သိရပါတယ်။
 
ဒီအငြိမ့်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် (၈)ဖွဲ့ထဲမှာ (၇)ဖွဲ့ကတော့ အဖွဲ့ဝင်အသစ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အငြိမ့်အဖွဲ့တွေအနေနဲ့လည်း ပဏာမအဆင့်နဲ့ မတူညီတဲ့ သီချင်းများ၊ ပြက်လုံးများနဲ့ ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီမြန်မာ့ဒီမိုရေစီအငြိမ့်ပြိုင်ပွဲကို ရုပ်မြင်သံကြားမှ ကြည့်ရှုလိုသူတွေအတွက်လည်း စက်တင်ဘာလ(၂၀)နဲ့ (၂၁)ရက်နေ့တွေမှာ MRTV-4  ရဲ့ Readers Channel Digital Free to air နဲ့ 4HD Channel-High Definition တို့မှာ ည ၇ နာရီအချိန် Live ထုတ်လွှင့်ပြသ ပေးလျက်ရှိတယ်လို့ သိရပါတယ်။ 
 
 

Related News