ဥရောပရုပ်ရှင်ပွဲတော်ပွဲတော်ကို ရန်ကုန်မြို့မှာ စက်တင်ဘာလ(၂၂)ရက်မှ အောက်တိုဘာ (၁)ရက်ထိ (၁၀)ရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နေပြည်တော်ရုပ်ရှင်ရုံနဲ့ အ.ထ.က.(၁)ဒဂုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်မယ်လို့ စက်တင်ဘာလ (၁၄)ရက်က Sakura Tower မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။ ဥရောပ ရုပ်ရှင်ပွဲတော်ကို (၁၉၉၁)ခုနှစ်ထဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပြီး အခုဆိုရင်(၂၇)ကြိမ်မြောက် ကျင်းပတာဖြစ်တယ်လို့  သိရပါတယ်။ အခုလိုဥရောပ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ပြုလုပ်ရတာဟာ ဥရောပနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအရ သော်လည်း ကောင်း၊ သံတမန်ရေးရာအရသော်လည်းကောင်း၊ ဆက်ဆံရေးပိုမိုတိုးတက်လာစေရန် ရည်ရွယ်တာ ဖြစ်တယ်လို့  သိရပါတယ်။
 
(၂၇) ကြိမ်မြောက်ဥရောပရုပ်ရှင်ပွဲတော်မှာ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ အင်္ဂလန်နိုင်ငံ စတဲ့ ဥရောပနိုင်ငံတွေက ရုပ်ရှင်(၁၃)ကားကို ပြသမှာဖြစ်ပါတယ်။ ပြသမယ့်ရုပ်ရှင်ဇာတ်ကားတွေဟာ နိုင်ငံရေးအခြေအနေတွေနဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို အဓိကထားရိုက်ကူးတဲ့ ပညာပေး ရုပ်ရှင်ဇာတ်ကားတွေဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကလေးရုပ်ရှင်တွေလည်း ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ (၂၇)ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်ကို ကျင်းပမယ့်(၁၀)ရက်တာမှာ (၁)ရက်ကိုရုပ်ရှင်ပွဲချိန် နှစ်ချိန်ပြသသွားမှာဖြစ်ပြီး လက်မှတ်များကိုပွဲမစခင် တစ်နာရီအလိုမှ ၁၅ မိနစ်အလိုထိ ဦးရာလူပေးစနစ်နဲ့ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးရုပ်ရှင်များကိုလည်း အောက်တိုဘာလ(၁)ရက်နေ့မှာ ဒဂုံ(၁)အခြေခံပညာ အထက်တန်း ကျောင်းမှာ ပြသသွားမယ်လို့လည်း သိရပါတယ်။ 
 
 

Related News