ရာသီတုပ်ကွေး ရောဂါ H1N1 ဖြစ်ပွားမှုလျော့နည်းပြီဖြစ်လို့ စစ်ကိုင်းဒေသကြီးတိုင်းအတွင်း ပွဲတော်တွေကိုပြန်လည် ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ရာသီတုပ်ကွေးရောဂါနဲ့ပတ်သက်လို့ အသိပညာပေးမှုတွေကိုလည်း အဆက်မပြတ် ပြုလုပ်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမူရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ခုလိုပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျင်းပတဲ့ ပွဲတော်ကြီးတွေထဲမှာ ရွှေဘိုမြို့ရှိ မော်ဓောမြင်သာ မြို့ဒေါင့်စေတီဘုရားတစ်ဆူလည်း အပါအ၀င်ဖြစ်ပြီး ပွဲတော်ပြုလုပ်လာတာဟာ  ၂၀၃ ကြိမ် ရှိပြီ်လို့လဲ သိရပါတယ။် ရာသီတုပ်ကွေး H1N1 ကြောင့် ပွဲတော်ကျင်းပခြင်းတွေကို ယာယီ ရပ်ဆိုင်းထားပြီး ရာသီတုပ်ကွေးဖြစ်ပွားမှု လျှော့နည်းသွားတာကြောင့် ရွှေဘိုမြို့ရှိ မော်ဓောမြင်သာမြို့ ဒေါင့်စေတီပွဲတော်ကို ယခင်နှစ်တွေအတိုင်း တော်သလင်းလပြည့်ကျော် (၇)ရက်မှ သီတင်းကျွတ် လဆန်း ၁ ရက်နေ့အထိစည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပွဲတော်ရက်အတွင်း ကျန်းမာရေးအသိပညာပေးမှုတွေနဲ့ ကျန်းမာရေးစောင့်ရောက်မှု တွေကိုလည်း ကြက်ခြေနီအသင်းမှ လူအင်အား၂၀ မြို့နယ်ကျန်းမာရေးဌာနမှ သမားတော်နှင့် ဆရာဝန်များ အပါဝင်၁၀ဦးနဲ့  ၂၄နာရီဆောင်ရွက်သွားမယ်လိုလည်း သိရပါတယ်။ ရွှေဘိုမြို့ရှိ မော်ဓောမြင်သာမြို့ဒေါင့်စေတီ ဘုရားပွဲတော်မှာ အနယ်နယ်အရပ်ရပ်မှလာရောက် ဖွင့်လှစ်ကြတဲ့ ဆိုင်ခန်းပေါင်း၁၇၀၀ခန့်နှင့် ဇာတ်ပွဲရုံများ ဗလာဇာတ်ပွဲတွေ ကျင်းပပြီး သီတင်းကျွတ်လဆန်း ၁၄ရက် ၁၅ရက်မှာလည်း  ဆီမီး ၉ထောင်ပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ခြင်းတွေ ပြုလုပ်သွား မယ်လို့ သိရပါတယ်။

 

Related News