ပြန်ကြားရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ Forever Group  မှစီစဉ်ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီ ပွဲတော်အငြိမ့်ပြိုင်ပွဲ အောက်မြန်မာပြည် ပဏာမအဆင့်ပြိုင်ပွဲ စတုတ္ထနေ့ (နောက်ဆုံးနေ့)ကို သြဂုတ်လ(၃၀)ရက်က ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မှာကျင်းပတဲ့ မြန်မာဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲ အောက်မြန်မာပြည်ပြိုင်ပွဲကို သြဂုတ်လ(၂၇)ရက်မှ(၃၀)ရက်ထိ (၄)ရက်တာပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်အငြိမ့်အဖွဲ့ပေါင်း(၂၁)ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲဝင်တွေအနေနဲ့ ယှဉ်ပြိုင်ချိန်အဖြစ်တစ်ဖွဲ့ကို(၁)နာရီခွင့်ပြုပေးထားပြီး အကဲဖြတ်ဒိုင်တွေအဖြစ် ၀ါရင့်သဘင်ပညာရှင်တွေက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မြန်မာဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲ အောက်မြန်မာပြည်ပြိုင်ပွဲရဲ့နောက်ဆုံးနေ့မှာတော့ ပြိုင်ပွဲဝင်အဖွဲ့(၅)ဖွဲ့က ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့တာဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့(၇)သင်းကိုရွေးချယ်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ပွဲစဉ်တွေကို စက်တင်ဘာလ(၂၀)ရက်နဲ့(၂၁)ရက်နေ့တွေမှာ ရန်ကုန်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲတွေကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ MRTV-4  ရုပ်သံလိုင်းတို့နေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

Related News