အမေရိကန်နိုင်ငံသား ဦးဂျွန်ကြီးရဲ့ တေးစီးရီး (8) Eight  အခွေရောင်းချမှုအခြေအနေ၊ အခွေဖြစ်မြောက်အောင် ကြိုးပမ်းခဲ့တာနဲ့ပတ်သက်ပြီး သြဂုတ်လ(၂၉)ရက်က မြန်မာပလာဇာရှိ Hard Rock Cafe မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။
 
ဦးဂျွန်ကြီးရဲ့ (8) Eight တေးစီးရီးအခွေထဲမှာ မြန်မာနိုင်ငံ၏ ထင်ရှားတဲ့ နေရာဒေသများ အကြောင်းနဲ့ ဗုဒ္ဓဘာသာကို အခြေခံတဲ့တေးသီချင်းများကို ကိုယ်ပိုင်သံစဉ်နဲ့ရေးဖွဲ့သီဆိုထားတယ်လို့ သိရပါတယ်။ အမေရိကန်အဆိုတော် ဦးဂျွန်ကြီးဟာ အခုဒုတိယမြောက်ထွက်ရှိတဲ့အခွေကို (8) Eight လို့ အမည်ပေးထားတာနဲ့ ပတ်သက်ပြီးအခုလိုပြောပါတယ်။
 
အခုဒုတိယမြောက်ထွက်ရှိတဲ့ တေးစီးရီအခွေထဲမှာ ယောကျာင်္းမီးလောင်နေတယ်၊ Yangon is My Home  ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ကျိုက်ထီးရိုး၊ ဗုဒ္ဓအကြောင်းစဉ်းစားတယ်၊ Baby don't Know  ၊Sing၊ နားလည်လားမြန်မာစတဲ့ သီချင်း(၈)ပုဒ်ပါဝင်တဲ့ အခွေကို ပြည်တွင်းမှာ (၁၀၀၀)ကျပ်နဲ့ ဖြန့်ချီရောင်းချနေတယ်လို့ သိရပါတယ်။ တေးဆို ဦးဂျွန်ကြီးဟာ (၂၀၀၉)ခုနှစ်မှာ တေးသီချင်း(၃)ပုဒ်ပါဝင်တဲ့ “အိမ်ပြန်လာမယ်” လို့ အမည်ပေးထားတဲ့ ပထမဆုံးတေးစီးရီး အခွေထွက် ရှိထားပြီးပြီလို့လဲ သိရပါတယ်။
 

Related News