ပန်းချီဆရာနေမျိုးရဲ့ မြို့ဟောင်းလမ်းပန်းချီပြပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းသစ်မှာရှိတဲ့  အလှသစ်ပန်းချီပြခန်းမှာ ဇွန်လ ၁၇ ရက်ကနေ ၂၁ ရက်အထိ(၅)ရက်တာ ပြသနေတာ ဖြစ်ပါတယ်။မြန်မာ့ရှေးရိုးဟန်ထဲမှကောင်းမွန်တဲ့ အချက်အလက်များနဲ့ ခေတ်ပေါ်ဟန်ကိုပေါင်းစပ်ပြီး အဓိကပုံဖော်ဖန်တီးထားတဲ့ ပန်းချီကားစုစုပေါင်း(၃၉)ကားကို ပြသနေတာဖြစ်ပါတယ်။ အခုပြသထားတဲ့ ပန်းချီကားတွေထဲမှ ပန်းချီကား(၃၀)ကတော့  ရေဆေးအမျိုးစားနဲ့ရေးဆွဲထားတာ ဖြစ်ပြီး ကျန်တဲ့ပန်းချီကား (၉)ကားကတော့ အခရိုင်းလစ် အမျိုးစားတွေနဲ့ ရေးဆွဲထားတာပါ။
 
အခုပြသထားတဲ့ မြို့ဟောင်းလမ်းပန်းချီပြပွဲမှာ ပြသလျက်ရှိတဲ့ ပန်းချီကားတွေကို (၃)လကြာရေးဆွဲ ခဲ့ရတယ်လို့ ပန်းချီနေမျိုးက ပြောပါတယ်။အခုပန်းချီကား ဈေးနှုန်းတွေကတော့အနည်းဆုံးဒေါ်လာ(၁၀၀)ကနေ (၄၀၀)အထိ သတ်မှတ် ထားတယ်လို့ သိရပါတယ်။ ဇွန်လ(၁၇)ရက် မနက်ပိုင်းမှာပဲ  ပန်းချီကား(၅)ကားကို ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။မြို့ဟောင်းလမ်းပန်းချီပြပွဲဟာ ပန်းချီဆရာနေမျိုးရဲ့ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော် ပြပွဲဖြစ်ပြီး ၂၀၁၆ခုနှစ်က Art and Artist Life  ဆိုတဲ့ ပထမအကြိမ်တစ်ကိုယ်တော် ပန်းချီပြပွဲကိုတော့ မန္တလေးမြို့ရှိ မန္တလေးတောင်ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
 
 

Related News