Miss Myanmar World 2017 နောက်ဆုံးပြိုင်ပွဲကို ဒီကနေ့ ည(၇)နာရီအချိန် မင်းဓမ္မလမ်း မှာရှိတဲ့ Myanmar Event park မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး Channel-7 ရုပ်သံလိုင်း ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ဇွန်လ ၁၀ ရက်ဒီကနေ့ညမှာပြုလုပ်မယ့် Miss Myanmar World 2017  ပြိုင်ပွဲအတွက် Finalist အလှမယ်တွေ ရဲ့အစမ်းလေ့ကျင့်မှုကို ဇွန်(၉)ရက်က မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Event park မှာပြုလုပ်ခဲ့ပါတယ်။ ဒီအလှမယ်ပြိုင်ပွဲကို Forever BEC Tero  နဲ့ Channal 7  တို့ပူပေါင်းပြုလုပ်တာဖြစ်ပြီး အလှမယ် ၁၉ဦးပါဝင်တယ်လို့သိရပါတယ်။Miss Myanmar World 2017  ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် (၁၉)ဦးပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲမှာ မြန်မာ့ရိုးရာဝတ်စုံ၊ အားကစားဝတ်စုံ၊ ညနေခင်းဝတ်စုံ(၂)စုံနဲ့ ကော့တေးဝတ်စုံ တွေကို ၀တ်ဆင်ယှဉ်ပြိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News