Miss Myanmar World နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဇွန်လ (၁၀)ရက်နေ့မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Part မှာ ပြုလုပ်သွားမှာဖြစ်ပြီး Channel 7 ရုပ်သံလိုင်းကနေ ည(၇)နာရီမှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Miss Myanmar World နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ  ပြိုင်ပွဲဝင်အလှမယ်(၁၉)ဦးဟာ ပုံစံ(၅)မျိုးနဲ့ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇွန်လ(၇)ရက်နေ့မှာတော့ Show Director Mr.Brian  နဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ အလှမယ်တွေဟာ Miss Myanmar World organization နဲ့အတူ (၁)လခွဲကြာ အခုလိုလေ့ကျင့်သင်ကြားမှုတွေနဲ့ လှုပ်ရှားမှုတွေကို  လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 ပြိုင်ပွဲဝင်တွေအနေနဲ့ Miss Myanmar World organization နဲ့အတူ မိတ်ကပ်၊ ဆံပင်၊ လက်သည်းပြင်ဆင်မှုအတွက် လေ့ကျင့်သင်ကြားမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် လေ့ကျင့်မှု၊ ကိုယ်ပိုင် အရည်အသွေးလေ့ကျင်မှုတွေ၊ သရုပ်ဆောင်ပညာရပ်၊ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အသိပညာတွေကို လေ့ကျင့်သင်ကြားမှုတွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ Miss Myanmar World 2017  ပြိုင်ပွဲအတွက် Winner ဆု ငွေကျပ်သိန်း(၁၀၀)၊ 1St Runner up  ငွေကျပ်သိန်း(၃၀)၊ 2nd Runner up  ငွေကျပ်သိန်း(၂၀)တို့နဲ့အတူ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်မှ ချီးမြှင့်မဲ့သရဖူတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ Miss Myanmar World 2017  ကို ဇွန်လ(၁၀)ရက်နေ့မှာ Channel - 7 ရုပ်သံလိုင်းကနေ ည(၇)နာရီမှ (၁၀)နာရီခွဲအထိ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

Related News