Miss earth Myanmar 2017  ပြိုင်ပွဲအတွက် ဆန်ကာတင်(၂၆)ဦးကို မိတ်ဆက်တဲ့ အခမ်းအနားကို ဇွန်လ(၃)ရက်နေ့က ရန်ကုန်မြို့ရှိ အပိုလိုဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။Miss earth Myanmar 2017 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေကို မေလကစတင် ခေါ်ယူခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်အယောက်(၄၀၀)ထဲက (၂၆)ယောက်ကို ဆန်ကာတင်အဖြစ် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

Miss earth Myanmar 2017 ပြိုင်ပွဲရဲ့ ရည်ရွယ်ချက် ကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ပရဟိတလုပ်ဆောင်ဖို့နဲ့ သဘာဝ ပတ်ဝန်းကျင် နဲ့ သက်ဆိုင်တဲ့ အသိညဏ်တွေကို အများပြည်သူဆီကို အသိပညာပေးသွားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ လာမယ့်ဇွန်လ(၂၄)ရက်မှ အမျိုးသားပြဇာတ်ရုံမှာ ကျင်းပနိုင်ဖို့ ပွဲခွင့်ပြုမိန့်လွှာတင်ထားတယ်လို့ သိပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမှန်တကယ်စိတ်ဝင်စားသူတွေကိုသာ ပါဝင်ယှဉ်ပြိုင်စေဖို့ ရည်ရွယ်ပြီး ဆုကြေးငွေကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိဘူးလို့ သိရပါတယ်။ Miss earth Myanmar 2017  ပြိုင်ပွဲကို  မြန်မာနိုင်ငံအနေနဲ့ (၂၀၁၄)ခုနှစ်က စတင်ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုတစ်ကြိမ်က (၄)ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

 

Related News