ထိုင်းနိုင်ငံမှDJ ဒုံးဟာ မြန်မာနိုင်ငံကို ဇွန်လ ၂ ရက်က ရောက်ရှိနေတာပါ။DJ  ဒုံးဟာ ဇွန်(၃)ရက် ညမှာ ရန်ကုန် Inya Bar  မှာDJ  ဖင်းစ်ဂတ် နဲ့ အတူ DJ  တီးခတ် ဖျော်ဖြေဖို့အတွက် ပထဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီး ခုလိုDJ တီးခတ်ဖျော်ဖြေတာမှုကို ပြင်သစ်၊ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေအပါအ၀င် နိုင်ငံတကာမှာ တီးခက်ဖျော်ဖြေခဲ့ဘူးတယ်လို့လဲ သိရပါတယ်။

Inya Bar မှာတော့ အလက်ထရိုဟောက့်စ်၊ ထရက်စ်စတဲ့ ဂီတအမျိုးအစားတွေကို တီးခတ်သွားမှာဖြစ်ပြီး အကောင်းဆုံးဖျော်ဖြေနိုင်အောင် ကြိုးစားပြင်ဆင်လာခဲ့တယ်လို့လဲDJ.Dome  က ပြောပါတယ်။ မြန်မာပြည်ကို ပထမဆုံးရောက်ရတာဝမ်းသာပါတယ်။ ပြီးရင်မြန်မာပြည်ကို လိုက်ကြည့် ချင်တယ်။

ဗုဒ္ဒဘာသာတစ်ယောက်အနေနဲ့ဘုရားတွေ၊ ကျောင်းတွေကိုလိုက်ဖူးမယ်။ ဒီညအတွက် ကတော့  ရွှေတိဂုံဘုရားသွားဖူးမယ်။ ပြီးရင်ဟိုတယ်ပြန်မယ်။ မနက်ဖြန်မှာ ဘုရားတွေ လိုက်ဖူးမယ်ပြီးတော့ ညပွဲအတွက်ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရမယ်။ DJ Dome  နဲDJ  ဖင်းစ်ဂတ်တို့နှစ်ဦးရဲ့DJ  တီးခက်ဖျော်ဖြေပွဲကိုInya Bar  မှာ ည ၁၁နာရီခွဲ မတိုင်ခင်လာရောက်သူဦးရေ (၁၀၀)ကို အခမဲ့ဝင်ခွင့်ပြုသွားမယ်လို့သိရပါတယ်။မြန်မာပြည်ကိုလာရတာပျော်ပါတယ်၊ ဆိုရှယ်မီဒီယာပေါ်မှာ ကျွန်တော်ကို ဖောလိုး လုပ်တဲ့သူ တွေ၊ လိုက်စ်လုပ်တဲ့သူတွေ၊အားပေးတဲ့သူတွေကိုလဲ အရမ်းကျေးဇူး တင်ပါတယ်။ မြန်မာပြည်ကို ရောက်နေပြီးဆိုတော့ တွေ့ရင်ခေါ်နိုင်ပါတယ်။

ဓာက်ပုံအတူတူရိုက်လို့လဲရပါတယ်။မြန်မာပြည်ဟာ အရင်ကနဲ့မတူအောင်အရမ်းကို ပြောင်းလဲလာတယ်။ အရမ်းလဲအံသြဖို့ ကောင်းတယ်။ ဘယ်နိုင်ငံတကာDJ မဆို မြန်မာပြည်ကိုလာချင်ကြတယ်။ မြန်မာပြည်က လုံးဝလာရမယ့် နေရာတစ်ခုလိုဖြစ်နေတယ်။

 

Related News