ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာနကဦးစီးပြီး  မြန်မာနိုင်ငံဂီတအစည်း အရုံးနဲ့ ဂီတပညာရှင်တွေပူးပေါင်းပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။  မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ မြို့ကြီးတွေမှာ ပဏာမစိစစ်ရွေးချယ်သွားမှာဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြန်ကြားရေး ရုံးတွေမှာ ပြိုင်ပွဲလျှောက်လွှာတွေကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ပြိုင်ပွဲကိုတော့ ဇူလိုင်လမှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး  ပဏာမလူရွေးချယ်မှုတွေကိုတော့ တောင်ကြီးမြို့မှာ အရင်ဆုံးပြုလုပ် သွားမှာဖြစ်ပြီး မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုးအစရှိတဲ့ မြို့ကြီး (၁၀)မြို့မှာလည်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲအတွက် ဆုကြေးတွေကိုတော့ ပထမဆုကျပ်သိန်း (၃၀၀)၊ဒုတိယဆု ကျပ်သိန်း (၂၀၀)၊တတိယဆုကျပ် သိန်း (၁၀၀)တို့အပြင် နှစ်သိမ့်ဆု (၇)ဆုအတွက် ငွေကျပ် သိန်း (၃၀)တို့ကို ချီးမြှင့်ပေးသွားမှာပါ။ပြိုင်ပွဲဝင်တွေရဲ့ ပါဝင်ယှဉ်ပြိုင်မှုတွေကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ Peace Music Festival facebook page  မှာ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးသားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News