ဂန္တဝင်ဂျိမ်းစ်ဘွန်းမင်းသားကြီးအဖြစ် လူသိများသည့် ကမ္ဘာကျော်မင်းသားကြီးရော်ဂျာမိုးသည်အသက် ၈၉ နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ ယောက်ျားပီသခံ့ညားသည့် ရုပ်ရည်ရှိသည့် မင်းသားကြီးရော်ဂျာမိုးသည် စုံထောက်ဇာတ်လမ်းတွဲဂျိမ်းစ်ဘွန်းဇာတ်ကား၏ ဇာတ်ကောင်အဖြစ်ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။ မင်းသားကြီးရော်ဂျာမိုးသရုပ်ဆောင်ခဲ့သည့် ဂျိမ်းစ်ဘွန်းဇာတ်လမ်းစုစုပေါင်း  ခုနှစ်ခုရှိခဲ့ပြီး ၎င်းတို့ထဲတွင် Live and Let Die၊ the Spy Who Love Me စသည့် ဇာတ်လမ်းများသည်အလွန်ကျော်ကြားခဲ့သည်။ မင်းသားကြီးသည် ဆွစ်ဇာန်လန်တွင်နေထိုင်စဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး၎င်း၏ဆန္ဒအရဈာပနအခမ်းအနားကိုကိုမိုနာကတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးဈာပနအခမ်းအနားကိုသီးသန့်ပြုလုပ်သွားမည်ဟု ၎င်း၏မိသားစုကကြေညာခဲ့ကြောင်းသိရသည်။ ဆာဘွဲ့ခံမင်းသားကြီးရော်ဂျာမိုးသည် ၁၉၆၀ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည့် Persuaders and The Saint ရုပ်သံဇာတ်လမ်းတွဲဖြင့် စတင်လူသိများခဲ့သူ ဖြစ်သည်။

 

 

Related News