ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပတဲ့ ပြည်သူ့နီတိရေးဖြေ စာမေးပွဲဖြေဆိုထားသူများထဲမှ ဆုရရှိသူများကို မေလ(၁၂)ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ ဆုချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ပြည်သူ့နီတိစာမေးပွဲဖြေဆိုထားတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများထဲမှ အထက်တန်းအတွက် အထူးဆု (၁၀)ဆု၊ အလယ်တန်းအတွက် ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆု စုစုပေါင်း(၁၇)ဆု၊ မူလတန်းအတွက် ဆုရရှိသူ ပထမ၊ ဒုတိယ၊ တတိယဆု စုစုပေါင်း(၁၃)ဆုတို့ကို ချီးမြှင့်ခဲ့ပါတယ်။

 ပြည်သူ့နီတိစာမေးပွဲရဲ့ အဖြေလွှာစစ်ဆေးမှုများကိုတော့ စာရေးဆရာကြီးမင်းယုဝေ၊ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၊ ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်၊ ဆရာဟိန်းလတ်၊ ဆရာကောင်းသန့်၊ ဆရာဦးတင်လှိုင်၊ ဆရာဦးကြည်သန်း၊ ဆရာဇူးကျော်၊ ဆရာကိုမျိုး (မြန်မာစာ)တို့မှ တာဝန်ယူပြီးစစ်ဆေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ကျောင်းသား၊ ကျောင်းသူများရဲ့ကိုယ်ပိုင်ဥာဏ်ရည် ဥာဏ်သွေးရှိမှုများကို စစ်ဆေးတဲ့ ပြည်သူ့နီတိစာမေးပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပထမဆုံးအကြိမ် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

 ချီးမြှင့်ခဲ့တဲ့ဆုတွေကတော့ ပထမဆု တစ်ကျပ်သားရွှေဆွဲပြားနဲ့ ငွေကျပ်(၅)သိန်း၊ ဒုတိယဆုသုံးမတ်သားရွှေဆွဲပြားနဲ့ငွေကျပ်(၄)သိန်း၊ တတိယဆုငါးမူးသားရွှေဆွဲပြားနဲ့ ငွေကျပ် (၃)သိန်းနဲ့ နှစ်သိမ့်ဆုငွေကျပ်(၂)သိန်းတို့ကို ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ 

 

 

Related News