Miss Myanmar World 2017  ပြိုင်ပွဲဝင်များရဲ့ ကိုယ်ပိုင်အရည်အသွေးများယှဉ်ပြိုင်မှုကို မေလ (၁၁)ရက်နေ့က ရွှေတောင်ကြားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Miss Myanmar World 2017  ပြိုင်ပွဲရဲ့ ဇကာတင်အယောက်(၂၀)ကိုတော့ လူတွေ့ စစ်ဆေးမှုတွေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ကာ ဧပြီလကရွေးချယ်ခဲ့တာဖြစ်ပြီး မေလ (၁၁)ရက်မှာတော့ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကို စမ်းသပ်တာဖြစ်တယ်လို့ သိရပါတယ်။Miss Myanmar World 2017 ပြိုင်ပွဲဝင်များကိုTalent    ပိုင်းရွေးချယ်ရာမှာတော့ အကဲဖြတ်ဒိုင်တွေအနေနဲ့ မစ္စတာဘရိုင်ယန်၊ ကိုစိုးသူရနဲ့ ဒါရိုက်တာဦးငြိမ်းမင်းတို့က  စိစစ်ရွေးချယ် သွားမှာဖြစ်ပါတယ်။လက်ရှိပြိုင်ပွဲဝင်အယောက်(၂၀)ရှိရာမှ ခါးနံပါတ်(၁၉)ဟန်သာဇေ ဟာကျန်းမာရေး အခြေအနေအရပြိုင်ပွဲမှ နှုတ်ထွက်ခွင့်တောင်းတာကြောင့် လက်ရှိပြိုင်ပွဲမှာ ပြိုင်ပွဲဝင်(၁၉)ယောက်ဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးတွေနဲ့အတူ သီချင်းဆိုခြင်း၊ ရိုးရာအကများနဲ့ သရုပ်ပြတင်ဆက်ခြင်း စတာတွေကို တင်ဆက်ပြသသွားခဲပါတယ်။ ရွေးချယ်ရာမှာတော့ စည်းကမ်းသတ်မှတ်ချက်တွေထားပေးထာတာမရှိတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ပင်ကိုယ်စွမ်းရည်ကိုသာအဓိကထားပြီးရွေးချယ်သွားမှာဖြစ်ပြီွးှေူနညအ ပြိုင်ပွဲမှာအရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်ဟာဆိုရင်တော့Top 10 Finalist  ထဲမှာ တယောက်အဖြစ် ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။ Miss Myanmar World 2017  ပြိုင်ပွဲဝင်တွေအနေနဲ့ လာမဲ့ မေလ၁၅ ရက်နေ့မှာTrip Activity တွေပြုလုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။ 

 

 

Related News