Miss Myanmar World 2017 ပြိုင်ပွဲအတွက်ပြိုင်ပွဲဝင်များရဲ့ Activities တစ်ခုအဖြစ် ဓါတ်ပုံ ရူတင်ရိုက်ကူးမှုကို မေလ(၂)ရက်က ရန်ကုန်မြို့မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဝင်းအတွင်း ပြုလုပ်ခဲ့ပါတယ်။ Miss Myanmar World 2017  ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေဟာ Balance Fitness မှာ အားကစားလေ့ကျင့်မှုများပြုလုပ်ခြင်း မိတ်ကပ်ဆံပင်နဲ့ လက်သည်းအလှပြုပြင်မှုတွေအတွက်ကိုလည်း BSC Cosmetology ၊ Hello Make Up, Hair  Style and Reflexlogy  တို့က လေ့ကျင်သင်ကြား ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့ ဓာတ်ပုံရိုက်ကူးမှုတွေကိုအပိုင်း (၂)ပိုင်းခွဲပြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ Miss Myanmar World 2017  ပြိုင်ပွဲအတွက် နောက်ထပ် Activities တွေအနေနဲ့ ပရဟိတလှုပ်ရှားမှုတွေ၊ လေ့လာရေးခရီးစဉ်တွေ၊Talent Show  တွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ Miss Myanmar World 2017 ရဲ့ Activities  လှုပ်ရှားမှုတွေကို Free To Air  ရုပ်သံလိုင်းတခုဖြစ်တဲ့ Channel 7 ရုပ်သံလိုင်းမှာ မေလ(၂၀)ရက်ကစတင်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News