(၂၀၁၈)ခုနှစ်မှာ ကျင်းပမယ့် မန်းသင်္ကြန်ဓာတ်ပုံပြိုင်ပွဲကို ယခုနှစ် ပြိုင်ပွဲထက် ဆုကြေးများ တိုးမြှင့်ချီးမြှင့်သွားဖြစ်ကြောင်း ဧပြီ(၂၇)ရက် ကျင်းပပြုလုပ်ခဲ့တဲ့(၂၀၁၇) ခုနှစ် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန် ဓါတ်ပုံပြိုင်ပွဲ အခမ်းအနားမှာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားခဲ့ပါတယ်။မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က  ပထမဆုံးကြီးမှူးကျင်းပတဲ့  (၂၀၁၇)ခုနှစ် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ဓါတ်ပုံပြိုင်ပွဲကို ယခင်နှစ်များနဲ့မတူ ဓါတ်ပုံပြိုင်ပွဲကို ဆုကြေးငွေ  (၁၉)သိန်းခွဲအထိ ချီးမြှင့်ခဲ့ပါတယ်။  ဓါတ်ပုံပြိုင်ပွဲ ဆုကြေးငွေများကို ယခုနှစ်ထက် လာမယ့်နှစ်များမှာ တိုးမြှင့်ပြီး ချီးမြှင့်နိုင်ဖို့နဲ့ ဆုအရေအတွက် တိုးမြှင့်သွားဖို့ စီစဉ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ဒေါက်တာ ရဲလွင်က (၂၀၁၇)ခုနှစ် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ဓါတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။

ဓါတ်ပုံပြိုင်ပွဲထည့်သွင်း ကျင်းပဖြစ်တာနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေေ၀ဖြိုးက ခုလိုပြောပါတယ်။ (၂၀၁၇)ခုနှစ် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကြီးကို သင်္ကြန်ချစ်သူများက အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကြီးမား ခဲ့တဲ့ မန္တလေးသင်္ကြန်ပုံရိပ်များကို မှတ်တမ်းတင်ပြိုင်ပွဲဝင်ခဲ့သော ဓါတ်ပုံပညာရှင်ပေါင်း(၁၄၅)ဦးရှိပြီး ပြိုင်ပွဲဝင်ဓါတ်ပုံပေါင်း(၅၂၉)ပုံရှိခဲ့တယ်လို့သိရပါတယ်။ ထိုပြိုင်ပွဲဝင်ဓါတ်ပုံများထဲမှ ပထမ၊ ဒုတိယ၊ တတိယနဲ့ နှစ်သိမ့်ဆု(၅)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိခဲ့တဲ့ ပြိုင်ပွဲဝင်ဓါတ်ပုံ ပညာရှင် ကိုထွန်းထွန်း(မိုးသောက်ကြယ်)ကိုလည်း ဆုရရှိခဲ့ပုံနဲ့ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။ 

 

 

Related News