မြန်မာနိုင်ငံရဲ့ ပထမဆုံးမီးအလှဆင်ပွဲတော် Myanmar International Lighting Festivalကို သင်္ကြန်အပြီးနောက်ပိုင်းမှာ လူဝင်ရောက်မှုနည်းသွားတယ်လို့ သိရပါတယ်။ Myanmar International Lighting Festival  ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့  DN Development Group ကဦးစီးပြီး မတ်လ(၁၉)ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ဝင်းအတွင်း စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဖွင့်ကာစ ရက်တွေနဲ့ သင်္ကြန်မတိုင်ခင် ကာလထိ လူဝင်ရောက်မှုများခဲ့ပေမယ့် သင်္ကြန်ပြီးနောက်ပိုင်းမှာတော့ လူဝင်ရောက်မှု လျော့သွားတယ်လို့ ပွဲစီစဉ်သူ ဦးဟိန်းထက်က ပြောပါတယ်။

Myanmar International Lighting Festival ပွဲတော်ကို အခုဧပြီလ(၃၀)ထိ ကျင်းပသွားမှာ ဖြစ်ပြီး စတင် ဖွင့်ချိန်က မီးအလှဆင်ပြကွက်ပေါင်း (၆၀)နဲ့ ပြသခဲ့ပြီး နောက်ပိုင်းမှာ ဒီဇိုင်းအသစ်တွေနဲ့ မီးအလှဆင်ပြကွက်ပေါင်း (၇၅) ခုရှိတယ်လို့ သိရပါတယ်။ Myanmar International Lighting Festival ပွဲတော်ကို ညနေ (၅)နာရီကနေ ည (၁၀)နာရီအထိ ဖွင့်လှစ်ပြသနေတာပါ။ ၀င်ကြေးအနေနဲ့တော့ တစ်ဦးကို (၃၀၀၀)ကျပ် သတ်မှတ်ထားပြီး ကျောင်းသား၊ကျောင်းသူတွေအတွက်ကို (၁၅၀၀)ကျပ်သတ်မှတ် ပေးထားပါတယ်။ 

 

 

Related News