ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးဦးစီးကျင်းပတဲ့ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ဒီကနေ့ ဇန်န၀ါရီလ (၃)ရက်က ရန်ကုန်မြို့ အ.ထ.က (၄)အလုံ မှာ ကျင်းပခဲ့ပါတယ်။(၂၀၁၈-၂၀၁၉)  ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲကို အရင်နှစ်တွေကနဲ့မတူဘဲ အခြေခံပညာကျောင်းတွေမှ ဆရာ၊မိဘ၊ကျောင်းသားကျောင်းသူတွေနဲ့ ပူးပေါင်းပြီး ကပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ ပညာရေးစုံညီပွဲတော်ကို ကိုယ်ပိုင်အထက်တန်းကျောင်းက ပထမဆုံးအကြိမ်ပါဝင်ခဲ့တာဖြစ်ပြီး အခုလို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေမှ ကျောင်းသားကျောင်းသူတွေ တစ်ညီတစ်ညွှတ်တည်းနဲ့စုပေါင်းပြီး ရိုင်းပင်းကူညီတတ်စေရန် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

ပညာရေးစုံညီပွဲတော်မှာ ကျောင်းပေါင်းစုံမှ ဘင်ခရာတီးဝိုင်း၊အခြေခံကျောင်းသားကျောင်းသူတွေပါဝင်တဲ့ တိုက်ကွမ်ဒိုပြပွဲ ကျောင်းသားကျောင်းသူတွေရဲ့ အကအလှတွေနဲ့ ဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် ပညာရေးစုံညီပွဲတော်မှာ ကျောင်းပေါင်းစုံမှ ပညာရေးပြခန်းတွေ၊ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ဝင်တန်းမှာ အမှတ်များဆုံးထူးချွန်ကျောင်းသားကျောင်းသူတွေကို ဆုပေးပွဲ၊နဲ့ တိုင်းဒေသကြီးအဆင့် လှပသာယာကျောင်းထူးချွန်ဆု၊တိုင်းဒေသကြီးအဆင့် အကောင်းဆုံးအားကစားသမား ဆု စတဲ့ ထူးချွန်ဆုတွေကိုချီးမြှင့်ခဲ့ကြပါတယ်။၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ၀ိဇ္ဇာဘာသာတွဲ ၊ရန်ကုန်တိုင်းဒေသကြီး(၂၀၁၈-၂၀၁၉) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်မှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနဲ့ ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News