Bamar Academic International  ကဦးစီးပြီး ရန်ကုန်ပညာရေးစကားဝိုင်း ကိုအောက်တိုဘာ လ(14)ရက် ကရန် ကုန်မြို့  ၊ တော်ဝင်နှင်းဆီ မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပညာရေးစကားဝိုင်းမှာ ကျောင်းနေတော့မယ့် ကလေးတွေရဲ့ လျှောက်လှမ်းသင့်တဲ့ ပညာရေး အကြောင်း အရာများ၊ ကလေးငယ်တွေရဲ့ အနာဂတ်ရပ်တည်မှုကို အထောက်အကူ ပြုစေမယ့် အကြောင်းအရာများ၊ တက္က သိုလ်ဝင်တန်းအာင်မြင်ပြီးတဲ့အခါမှာကိုယ့်ရဲ့ ၀ါသနာနဲ့ကိုက်ညီပြီး ဘယ်လိုပညာရေးမျိုးကို ရွေးချယ်တက်ရောက်ပြီး  ဘ၀ကို လိုသလိုပုံဖော်နိုင်စေမယ့် ဆိုတဲ့အကြောင်းအရာများကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီပညာရေးစကားဝိုင်းကိုပြုလုပ်တာက စဉ်ဆက်မပြတ်ပြောင်းလဲနေတဲ့ ပညာရေးခေတ်ကြီးထဲမှာ ကျောင်းသား လူငယ်များ အသိပညာ၊ ဗဟုသုတများကို လေ့လာဆည်းပူးအသုံးချနိုင်ရန်၊ မိဘနှင့်ကျောင်းသားများ ရင်ဆိုင်နေရတဲ့ အခက်အခဲများကို မိဘဆရာကျောင်းသားအတူ အတွေ့အကြုံဖလှယ်နိုင်ရန် ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။Bamar Academic International  ကပြုလုပ်တဲ့ ပညာရေးစကားဝိုင်းကို အောက်တိုဘာလ(၁၄)ရက် က ဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီး ပထမအကြိမ်ကိုတော့ စက်တင်ဘာလ(၁၇)ရက်က စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

 

 

 

Related News