ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အ.ထ.က(၁)က အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေအတွက် မူးယစ်ဆေးဝါးအသိပညာပေးဆိုင်ရာ ပြည်သူ့စကားဝိုင်းကို စက်တင်ဘာလ(၂၅)ရက်က ပြုလုပ်ခဲ့ပါတယ်။ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအသိပညာပေးဆိုင်ရာ ပြည်သူ့စကားဝိုင်းတွေကို မြို့နယ်တွေက ကျောင်းတွေမှာ အလှည့်ကျ ပြုလုပ်နေတာဖြစ်ပါတယ်။
စိတ်ကြွမူးယစ်ဆေးဝါး အန္တရာယ်ကို ကျောင်းသားလူငယ်တွေက အသိ၊ သတိရှိထားပြီး မသုံးစွဲမိစေအောင် မူးယစ်ဆေးဝါးအသိပညာပေးဆိုင်ရာ ပြည်သူ့စကားဝိုင်းတွေကို ပြုလုပ်ပေးနေတာလို့သိရပါတယ်။မူးယစ်ဆေးဝါးအသိပညာပေးဆိုင်ရာ ပြည်သူ့စကားဝိုင်းမှာ ကျောင်းသားလူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီး အရေးယူနိုင်တာတွေ ဖမ်းဆီးရရှိတဲ့ အခါ ဆေးဖြတ်စခန်းတွေကို ပိုဆောင်နိုင်တဲ့ နည်းလမ်းတွေနှင့် ကွမ်းယာစားသုံးမှုက မူးယစ်ဆေးဝါးအမျိုးအစားထဲမှာ ပါဝင်နေတာ စတာတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါအပြင် ကျောင်းသားကျောင်းသူတွေ သိရှိလိုတဲ့ မူးယစ်ဆေးဝါးအသိပညာပေးဆိုင်ရာ မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေနဲ့ မြို့နယ်တွေက ကျောင်းတွေမှာ မူးယစ်ဆေးဝါးအသိပညာပေးစကားဝိုင်းတွေပြုလုပ်နေရာမှာ စာမေးပွဲရာသီနီးလာတာကြောင့် စက်တင်ဘာလကုန်ပိုင်းမှာ ခဏယာယီရပ်နားထားမယ်လို့ သိရပါတယ်။ စာမေးပွဲတွေပြီးဆုံးပြီးမှ မြောက်ပိုင်းခရိုင်နဲ့ တောင်ပိုင်းခရိုင်က ကျောင်းတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။
