ဒဂုံတက္ကသိုလ်နဲ့ United Board အဖွဲ့တို့ ပူးပေါင်းပြီး " Higher Education Leadership Program နဲ့ Nuturing Whole Students In Myanmar University" ခေါင်းစဉ်နဲ့ ဒဂုံတက္ကသိုလ်မှာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ(၂၀)ရက်ကနေ (22)ရက်အထိ(3) ရက်ကြာ ပြုလုပ်နေပါတယ်။ချမ်းမင်းစိုးက ဆက်လက် တင်ဆက်ပေးပါ့မယ်။

ဒီအလုပ်ဆွေးနွေးပွဲက ပဉ္စမအကြိမ်မြောက်ကျင်းပပြုလုပ်တာဖြစ်ပြီး အဆင့်မြင့်ပညာရေးမှာ ခေါင်းဆောင်မှု အကြောင်းကို အဓိကထားဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ဒဂုံတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်နဲ့ United Boardအဖွဲ့တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်က ပါမောက္ခချုပ်တွေဆရာ၊ ဆရာမတွေ တက်ရောက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေကို ပြုစုပျိုးထောင်ပေးနိုင်မယ့် နည်းလမ်းတွေအကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ခုလိုဆွေးနွေးပွဲကနေ သင်ကြားရေးနဲ့ သင်ယူမှုဆိုင်ရာ နည်းစနစ်တွေ၊ အရည်အသွေးအကဲဖြတ်မှုဆိုင်ရာတွေ၊ တက္ကသိုလ်များရဲ့ အရည်အသွေးအာမခံမှုဆိုင်ရာ စနစ် တွေနဲ့ နည်းစနစ်တွေကို နိုင်ငံတကာနဲ့လိုက်လျောညီထွေအောင် ဆောင်ရွက်ရမှာ အတွေ့အကြုံကောင်းတွေ ရရှိစေနိုင်မယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာရရှိလာတဲ့ အဆင့်မြင့်ပညာရေးမှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သက်ဆိုင်ရာတွေတက္ကသိုလ်တွေ၊ ဒီဂရီကောလိပ်တွေမှာ ပြန်လည်ဝေမျှပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

 

Related News