မျိုးဆက်သစ်လူငယ်တွေအတွက် နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှု ပညာရေးပြပွဲကို မေလ၁၃ရက်က ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ ပြုလုပ်ခဲ့တာပါ။ Myanmar Youth Initiatite အဖွဲ့မှကြီမှူးကျင်းပတဲ့ ၁၉၉၀ခုနှစ်နောက်ပိုင်းမွေးဖွားလာတဲ့ မျိုးဆက်သစ်တွေအတွက် ကျောင်းရွေးချယ် တက်ရောက်ရာမှာ ရွေးချယ်လို့ရတဲ့ပညာရေးတွေရှိနေတာနဲ့ နိုင်ငံတကာပညာတော် သင်တက်ရောက်နိုင်ဖို့ ကို ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။လာရောက်ပြသတဲ့ လူငယ်အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နည်းပညာပိုင်း ဆိုင်ရာကျောင်းသားလူငယ်အဖွဲ့တွေရဲ့ တီထွင်ထားတဲ့ပစ္စည်းတွေ ၊နိုင်ငံခြားမှာနည်းပညာပိုင်း ဆိုင်ရာပညာတော်သင်သွားရောက်ခဲ့တဲ့ လူငယ်တွေတီထွင်ထားတဲ့ နက္ခတ်တာယာကြည့်မှန်ပြောင်းတွေ အပါအ၀င် အခြား နည်းပညာပိုင်းဆိုင်ရာပညာရေး အထောက်အကူပြုစက်ပစ္စည်း ကုမ္ပဏီအချို့မှလည်း  လာရောက်ပြသခဲ့ကြပါတယ်။

ပြပွဲ ကို လာရောက်ခဲ့ကြတဲ့လူငယ် အယောက်(၃၀၀)နီးပါးရှိပြီး ပြခန်း (၁၆)ခန်းပါဝင်ပါတယ်။ဒီပြပွဲမှာ တီထွင်ဆန်းသစ်တဲ့ပညာရေးကို နိုင်ငံတကာမှာနည်းပညာနဲ့ပတ်သက်တဲ့ ဘာသာရပ် တွေကို သေချာအထူးပြုလေ့လာခဲ့ကြတဲ့ ပညာသင်ဆုရကျောင်းသားကျောင်းသူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကိုပြန်လည်ပြောပြတဲ့ အစီအဉ်တွေပါဝင်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက တက္ကသိုလ်တွေနဲ့ နိုင်ငံတကာပညာတော်သင်အခွင့်အလမ်းတွေကို တစ်နေရာထဲမှာ သိချင်တာတွေ မေးမြန်းနိုင်ပြီး သက်ဆိုင်ရာသံရုံးတွေက တာဝန်ရှိပုဂ်္ဂိုလ်တွေမှလည်း လာရောက်ရှင်းပြပေးခဲ့ကြပါတယ်။ 

 

 

Related News