ဥပဒေပညာကိုတက္ကသိုလ်ဝင်တန်းအောင်မှတ်ရယုံနဲ့ တက်ရောက်နိုင်တာကြောင့် ဥပဒေ ပညာအပေါ် တန်ဖိုးထားတဲ့ ခေတ်ကာလဟာ ပျောက်ကွယ်သလိုဖြစ်နေတာကြောင့် တစ်ခတ်ဆန်းလာ စေဖို့လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 
 
လွတ်လပ်ရေးမရခင်အချိန်နဲ့ လွတ်လပ်ရေးရပြီးဆယ်စုနှစ်တစ်ခုနီးပါးအထိ နိုင်ငံရဲ့ အတော်ဆုံး အတတ်ဆုံးပုဂ်္ဂိုလ်တွေဟာ ဥပဒေပညာကိုလေ့လာသင်ယူကြပါတယ်။ ဥပဒေပညာဟာ နိုင်ငံအတွက် အရေးပါတဲ့ ပညာရပ်ဖြစ်တာကြောင့် တစ်ခတ်ဆန်း လာစေဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က ပြောကြားခဲ့ပါတယ်။ 
 
တစ်ချိန်တခါတုန်းကနိုင်ငံရဲ့အထက်မြက်ဆုံးပုဂ်္ဂိုလ်တွေအနေနဲ့ ဥပဒေပညာကို သင်ယူကြပါတယ်။ ဥပဒေပညာရှင်များရဲ့အဆင့်ဟာအလွန်မြင့်မားပြီး ၀င်ငွေလည်းကောင်းကာ တစ်နိုင်ငံလုံးက လေးစားခဲ့ကြ တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကြောင်းကြောင်းကြောင့် နိုင်ငံတော်သမ်္မတဟာ တာဝန်မထမ်းဆောင်နိုင်ပါက တရားသူကြီးချုပ်ဟာ အဆိုပါရာထူးကို ယာယီတာဝန်ယူရ မယ်ဆိုတဲ့အထိ တရားသူကြီး တွေအပေါ်လေးစားယုံကြည်ခဲ့ပါတယ်။ အဲဒီအချိန်တုံး ကတရားသူကြီးတွေ အပေါ် ပြည်သူတွေ ယုံကြည်ခဲ့ကြသလို ယခုခေတ်မှာလဲ အဲဒီအချိန်တုန်းကလို ဖြစ်လာအောင် လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့မတ်လ (၇)ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗစ် ရှင်းဗဟိုဌာန(၂)မှာ ပြုလုပ်တဲ့ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံကို တက်ရောက်အဖွင့် မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့တာပါ။ 
 
တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံကိုမတ်လ၇ရက်နဲ့ ၈ရက်တို့မှာ နှစ်ရက်ကြာပြုလုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေတွေအပေါ် ဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။
 
 
 

Related News