နိုင်ငံတော်မှ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဗလငါးတန် ပြည့်ဝပြီး တိုင်းပြည်ဖွံဖြိုးတိုးတက်မှုရဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ကာ ပြန်ကြားရေးဝန်ကြီးဌာ၊ ပညာရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ကလေးစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ 
 
ရန်ကုန်မြို့ အထက ၆ ဗိုလ်တထောင် ကျောင်းဝင်းအတွင်းမှာ ကျင်းပပြုလုပ်တဲ့ ကလေးစာပေပွဲတော်ကို ကလေးများစာဖတ်ဝါသနာ ကိန်းအောင်းသွားဖို့၊ အများနှင့် စုပေါင်းပြီးဆောင်ရွက် တတ်တဲ့ အလေ့အကျင့်ရသွားဖို့နဲ့ နိုင်ငံတော်အဆင့် အသီးသီးမှာ ဦးဆောင်နိုင်တဲ့ အရည်အသွေး ရရှိသွားဖို့ ရည်ရွယ်ကျင်းပတာလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။
 
ကလေးစာပေပွဲတော်မှာ ကလေးစာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းချတာ အဓိကပြုလုပ်ကျင်းပတာ ဖြစ်ပေမယ့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စကားပြောပြိုင်ပွဲ၊ စကားလုးံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲ ၊စက္ကူခေါက်ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ တို့အပြင် အားကစားနည်းတွေဖြစ်တဲ့ ဂိမ်းကစားနည်းအမျိုးမျိုး၊ စုပေါင်းကစားနည်းပြိုင်ပွဲ၊ ဘောလုးံပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်တွေလည်း ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ်္မတ ဦးထင်ကျော်ရဲ့ ဖခင် ကလေးစာပေတွေရေးဖွဲ့ခဲ့တဲ့ စာရေးဆရာကြီးမင်းသုဝဏ်ရေးသားခဲ့တဲ့ စာအုပ်တွေနှင့် မိသားစု ဓါတ်ပုံတွေကိုလည်း ပြခန်းအဖြစ် ပြသထားပါတယ်။
 
ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ ကလေးစာပေပွဲတော်ကို နိုင်ငံတော်သမ်္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ အခုကျင်းပတဲ့ ကလေးစာပေပွဲတော်ကို ဇန်န၀ါရီ ၆ ရက် ၇ ရက် နှင့် ၈ ရက်နေ့တွေမှာ နေ့စဉ်မနက် ၉ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
 
 
 
 
 

Related News