Education Malaysia ရဲ့ မလေးရှားနိုင်ငံရှိအဆင့်မြင့်တက္ကသိုလ်ကျောင်းများမိတ်ဆက်ပွဲ ကို ဇွန်လ၁၇  ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရှိအဆင့်မြင့် တက်္ကသိုလ်ကျောင်းများ မိတ်ဆက်ပွဲကိုမလေးရှားနိုင်ငံအဆင့်မြင့်ပညာရေးဝန် ကြီးလက်အောက်မှာရှိတဲ့ Education Malaysia နဲ့ မြန်မာနိုင်ငံမှနိုင်ငံတကာပညာရေးအကြံပေး ၀န်ဆောင်မှု Jenko Group of Companies တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသားကျောင်းသူများနဲ့ အဆင့်မြင့် တက္ကသိုလ်ပညာရပ်များ ဆည်းပူးလိုတဲ့ ကျောင်းသားကျောင်းသူများကိုမလေးရှားနိုင်ငံရှိ အဆင့်မြင့်တက္ကသိုလ်များမှာ တက်ရောက်ပညာ သင်ကြားနိုင်ရန်ရည်ရွယ်ပြီးပြုလုပ်တယ်လို့ သတင်းရရှိပါတယ်။

ဒီပွဲမှာတော့ဆေးပညာရပ်များ၊ အင်ဂျင်နီယာပညာရပ်များ၊ အိုင်တီနည်းပညာရပ်များနဲ့ စီးပွားရေးပညာရပ်များစတဲ့ပညာရပ်နဲ့ပတ်သတ်ပြီးသင်ကြားပေးမဲ့ လေးရှားနိုင်ငံမှ တက္ကသိုလ်(၁၅) ကျောင်းက အဓိကလာရောက်မိတ်ဆက်တာဖြစ်တယ်လို့လဲသိရပါတယ်။ဒီတက္ကသိုလ်များမှာတော့ ဘာသာရပ်များကို ဒီဂရီတန်းများမှစပြီး ပါရဂူတန်းများအထိ တက်ရောက်နိုင်မှာဖြစ်ပြီး နိုင်ငံတကာက အသိမှတ်ပြုထားတဲ့ တက္ကသိုလ်များဖြစ်တယ်လို့သိရပါတယ်။

မလေးရှားအဆင့်မြင့် တက္ကသိုလ်ပညာရေးပြပွဲများကို မြန်မာနိုင်ငံမှာတော့တစ်နှစ်တစ်ကြိမ် ပြုလုပ်တာဖြစ်ပြီး အခုတစ်ကြိမ်နဲ့ဆို (၁၁)ကြိမ်မြောက်ရှိပြီဖြစ်ကာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊လာအို၊ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေမှာလည်းပြုလုပ်တယ်လို့လည်းရပါတယ်။ဒီပွဲကိုတော့ တက္ကသိုလ် ၀င်တန်းအောင်မြင်ပြီးသူတွေနဲ့ ပြည်ပတက္ကသိုလ်တွေမှာ ဆက်လက်ပညာဆည်းပူးလိုတဲ့ လူငယ်အများစုလာရောက်လေ့လာကြပါတယ်။ 

 

 

Related News