Hilton Myanmar မှ ကမ္ဘာ့လူငယ်များကျွမ်းကျင်မှုနေ့အထိမ်းအမှတ်အဖြစ် Career@Hilton အလုပ်အကိုင်ရှာဖွေရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ (၁၅)ရက်က မန္တလေးမြို့ Hilton Hotel မှာပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဟိုတယ်နှင့်ခရီးသွားကဏ္ဍမှာ အရှိန်အဟုန်နဲ့တိုးတက်လာတာဖြစ်ပြီး လူစွမ်းအားအရင်းအမြစ်တွေတိုးတက်စေဖို့အတွက် လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုအလုပ်ရုံဆွေးနွေးပွဲပြုလုပ်တာဟာ နယ်ပယ်အသီးသီးက ထူးချွန်တဲ့လူငယ်တွေ ထွက်ပေါ်လာစေဖို့၊ ဟိုတယ်ခရီးသွားနဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေဖို့၊ ကျောင်းသားလူငယ်တွေအတွက် အလုပ်အကိုင်နဲ့ပတ်သက်ပြီး ပြင်ဆင်ထားရှိရမယ့် အချက်အလက်တွေကို သိရှိနိုင်စေဖို့အတွက် ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

အလုပ်ရုံဆွေးနွေးကို မန္တ​လေးတက္ကသိုလ်​ ၊ ဒီပလိုမာ Tourism ၊ မန္တ​လာဒီဂရိ​ကောလိပ်​၊ Plan Internal ၊ UFL ၊ College of Khanti ၊ IBEC စတဲ့ ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၀၀)ကျော် တတ်ရောက်ခဲ့ပြီး ချက်ပြုတ်ရေးကဏ္ဍ၊လူ့စွမ်းအားအရင်းအမြစ်နဲ့ ငွေကြေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကြော်ငြာကဏ္ဍ၊ ဟိုတယ်ရေးရာကဏ္ဍတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။အခုပြုလုပ်ခဲ့တဲ့ ကမ္ဘာ့လူငယ်များကျွမ်းကျင်မှုနေ့အထိမ်းအမှတ်အလုပ်ရုံဆွေးနွေးပွဲကို Hilton Myanmar ကဦးဆောင်ပြုလုပ်တာဖြစ်ပြီး မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News