ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ခြင်စားငါး စိုက်ထည့်ပေးခြင်းကို  ဇူလိုင်လ(၃)ရက်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ကျောက်တန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူတွေအတွက် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နဲ့ နှိမ်နင်းရန် အတွက် ရည်ရွယ်ပြုလုပ် တာဖြစ်ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်း ရေးအတွက် အခုလို  ခြင်စားငါးစိုက်ထည့်ပေးခြင်းကို ကျောက်တန်းမြို့နယ်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တာဖြစ်ပါတယ်။

အခုပြုလုပ်ခဲ့တဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ခြင်စားငါးစိုက်ထည့်ရာမှာ ဒေါင်းငါး အကောင်ရေ(၅၀၀၀)ကို  မြန်မာနိုင်ငံအလှမွေး ငါးလုပ်ငန်းရှင်များအသင်းမှ လှူဒါန်းခဲ့တာဖြစ်ပါတယ်။အခုလှူဒါန်းခဲ့တဲ့ ဒေါင်းငါးများကိုတော့ ကျောက်တန်းမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်းများ၊ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းများ၊ ရဲစခန်းများနဲ့ မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်နဲ့ ရပ်/ကျေး ဥက္ကဌတွေကို ဒေါင်းငါးများ ပေးအပ်လှူဒါန်း ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံအလှမွေးငါးလုပ်ငန်းရှင်များအသင်းအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်စားငါး စိုက်ထည့်ပေးခြင်းတွေကို ကျောက်တန်းမြို့နယ်အပြင် ခရမ်း၊ သုံးခွ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင် တို့မှာလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

 

Related News