တရုတ်နိုင်ငံမှ လုပ်ငန်းရှင်တွေနဲ့ ပြည်တွင်းမှ လုပ်ငန်းရှင်တွေပူးပေါင်းပြီး တရုတ်နိုင်ငံမှထုတ်လုပ်တဲ့ အဆင့်မြင့်လူသုံးကုန်ပစ္စည်းတွေနဲ့ အိမ်သုံးဆောင်ပစ္စည်းတွေပြသမှုကို ဒီဇင်ဘာလ(၇)ရက်ကစတင်ပြီး  ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Event Part (MEP) နဲ့ MCC တို့မှာ ပြသနေပါတယ်။ပြပွဲကိုတော့ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံ နှစ်နိုင်ငံကြားကုန်သွယ်မှုတိုးမြှင့်လာစေရန်၊ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက် လာစေရန်နဲ့ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေစွာ ကုန်စည်စီးဆင်းနိုင်စေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြပွဲမှာ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း(၁၅၀)ကျော်က တရုတ်နိုင်ငံမှထုတ်လုပ်တဲ့ အဆင့်မြင့် လူသုံးကုန် ပစ္စည်းတွေ၊လျှပ်စစ်နဲ့ အိမ်တွင်းအသုံးဆောင်ပစ္စည်းတွေ၊နေ့စဉ်လူ့အသုံးဆောင်ပစ္စည်းတွေစတဲ့ ပစ္စည်းအမျိုးအစားပေါင်း (၈)သောင်းကျော်ကို ပြသသွားမှာဖြစ်တယ်လို့ ပြပွဲစီစဉ်သူက အခုလိုပြောပါတယ်။တရုတ်နိုင်ငံမှ လုပ်ငန်းရှင်တွေအနေနဲ့  အခုပြပွဲကို လာရောက်ပြသရတာဟာ စီးပွားရေးဈေးကွက်အရ ရင်းနှီးမြှပ်နှံမှုတွေကို လုပ်ဆောင်နိုင်ပြီး ပြည်တွင်းက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်လိုတဲ့အတွက်ကြောင့် ပြပွဲမှာ လာရောက်ပြသတာဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲတွေမှာ လာရာက်ပြသတဲ့ တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ နမူနာပစ္စည်းတွေကို အဓိကထားပြသထားတာဖြစ်ပြီး ၀ယ်ယူချင်ရင်တော့ တရုတ်နိုင်ငံကို တိုက်ရိုက်မှာယူပေးတယ်လို့ တရုတ်လုပ်ငန်းရှင်တစ်ချို့က အခုလိုပြောပါတယ်။ပြပွဲကို ဒီဇင်ဘာလ(၇)ရက်ကနေ (၉)ရက်အထိပြသသွားမှာဖြစ်ပြီး ပထမတစ်ရက်မှာတော့ လာရောက်ဝယ်ယူတဲ့ ပြည်သူတွေကို ရောင်းချသွားမှာဖြစ်ပြီး ကျန်တဲ့(၂)ရက်မှာတော့ လုပ်ငန်းရှင်တွေ အတွက်သာပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။  

 

 

 

 

Related News