အရှေ့တောင်အာရှရဲ့ E-Commerce လုပ်ငန်းစုမှာအောင်မြင်နေတဲ့ Shop က နှစ်စဉ်ကျင်းပပြုလုပ်တဲ့ Alibabaရဲ့ ဈေးရောင်းပွဲတော်ကို ယခုနှစ်မြန်မာနိုင်ငံမှာ ပထဆုံးကျင်းပသွားမယ်လို့ အောက်တိုဘာ(၁၉)ရက်က Sule-Shangrila Hotel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။ Alibaba Group Holding Limited အနေနဲ့ Online စနစ်ကို Shop.com.mm နဲ့ ပူးပေါင်းလုပ်ကိုင်တာဟာ မြန်မာနိုင်ငံရဲ့ E-Commerce လုပ်ငန်းကိုယုံကြည်တာနဲ့ စီးပွားရေးပိုင်းအရလည်း မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ လူငယ်တွေကို ယုံကြည်တာကြောင့်လို့ ဆိုပါတယ်။

လက်ရှိလုပ်ကိုင်နေတဲ့ Online စနစ်ကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့အတွက်လည်း နည်းပညာအကူအညီ ပေးသွားမယ်လို့သိရပါတယ်။ Online စနစ်ကို ပူးပေါင်းလုပ်ကိုင်လိုက်တဲ့အတွက် ၀ယ်ယူသူတွေအတွက် ပြည်တွင်းက ပစ္စည်းတွေအပါအ၀င် ပြည်ပနိုင်ငံက ဝယ်ယူနိုင်တဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ အခြားပစ္စည်းတွေကိုလည်း အချိန်တိုတွင်းဝယ်ယူနိုင်မယ်လို့သိရပါတယ်။ Allibaba ရဲ့အကြီးမားဆုံးဈေးရောင်းပွဲတော်ကို Shopရဲ့  Website Shop.com.mm နဲ့ Application တို့ကနေ နိုဝင်ဘာလ(၁၁)ရက် တစ်ရက်တည်းသာေ၇ာင်းချပေးသွားမှာဖြစ်ပြီး ၀ယ်ယူတဲ့ပစ္စည်းတွေကို (၈၀)ရာခိုင်နှုန်း ဈေးလျှော့ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဈေးရောင်းပွဲတော်ပြုလုပ်မယ့် တစ်ရက်တာအတွင်းမှာ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကလေးအသုံးအဆောင် ပစ္စည်းများ၊အလှအပဆိုင်ရာပစ္စည်းတွေနဲ့ အားကစားပစ္စည်းအစရှိတာတွေကို  ၀ယ်ယူတဲ့သူတွေအတွက် အခမဲ့ပို့ဆောင်ပြီး ၀န်ဆောင်မှုပေးသွားမယ်လို့သိရပါတယ်။ ကုန်ပစ္စည်းတွေဝယ်ယူဖို့အတွက် Debit Card ၊ Credit Card များနဲ့ငွေပေးချေ နိုင်သလို မှာယူထားတဲ့ပစ္စည်း လက်ဝယ်ရောက်ရှိမှသာ ငွေပေးချေနိုင်တယ်လို့ သိရပါတယ်။ 

 

 

Related News