ဘုရင့်နောင်ကုန်စည်ဈေးကွက်မှာ အရင်လထက်ကုန်စည်ဈေးနှုန်းတွေကျဆင်းလာပေမယ့် ရောင်းအားကတော့ ပြန်ကောင်းမလာသေးဘူးလို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဈေးကွက်မှာ အခြေခံကုန်စည်ဈေးနှုန်းတွေဖြစ်တဲ့ ကြက်သွန်နီ၊ကြက်သွန်ဖြူစတဲ့ ကုန်စည်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ယှဉ်ရင်ဈေးတွေ ပြန်လည်ကျဆင်းလာခဲ့တယ်လို့သိရပါတယ်။

ကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ဈေးတက်ခဲ့ရာကနေ လလယ်ပိုင်းမှာတော့ ဈေးဟာပုံမှန်ဈေးနဲ့ ပြန်လည်ငြိမ်သက်သွားခဲ့တယ်လို့သိရပါတယ်။ အခု အောက်တိုဘာလမှာတော့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကုန်စည်ဈေးနှုန်းများဟာ ကြက်သွန်နီတစ်ပိဿာကို ငွေကျပ်(  ၂၀၀) ၀န်းကျင်ကျဆင်းလာတယ်လို့ ပြောပါတယ်။

ဒါပေမယ့်ရောင်းအားကတော့ ပုံမှန်ထက်အေးနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ဝင်းအတွင်းရှိ ကုန်စည်ဒိုင်များထံက သိရပါတယ်။လက်ရှိမှာတော့ ဆိပ်ဖြူကြက်သွန်နီတစ်ပိဿာကို ငွေကျပ်(၉၅၀)မှ(၁၃၀၀)အထိရှိနေပြီး အောင်ပန်းကြက်သွန်ဖြူ တွေက တစ်ပိဿာကိုငွေကျပ် (၆၀၀)ကနေ (၁၃၀၀)ကြူကုတ်ကြက်သွန်ဖြူတွေကတော့ တစ်ပိဿာကို ငွေကျပ်(၉၀၀)ကနေ (၁၁၀၀)ထိပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။ အာလူးကတော့ တစ်ပိဿာကိုငွေကျပ် (၂၅၀)ကနေ (၇၀၀)ထိပေါက်ဈေး ရှိနေတယ်လို့သိရပါတယ်။

မြစ်ဝကျွန်းပေါ်ငရုပ်ပွတစ်ပိဿာကို ငွေကျပ် (၁၁၀၀)ကနေ (၁၅၀၀)အထိပေါက်ဈေး ရှိနေတယ်လို့သိရပါတယ်။ ဒီဈေးနှုန်းတွေဟာ မနှစ်ကထက် လျော့နည်းပေမယ့် လက်ကားဈေးကွက်ရော လက်လီ ဈေးကွက်မှာပါ ရောင်းအားကျဆင်းနေတာလို့ သိရပါတယ်။လက်ရှိဘုရင့်နောင်ပွဲရုံကို ကြက်သွန်ကားအစီးရေ တစ်နေ့ကို အစီးရေ (၂၀)၀န်းကျင်ဝင်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News