ဆန်ထွက်တဲ့ဒေသတွေကနေ ရန်ကုန်ကို ဆန်ဝင်ရောက်မှုနည်းနေတာကြောင့် ဆန်ဈေးတွေဟာ မြင့်တက်နေဆဲရှိနေတယ်လို့ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှသိရပါတယ်။ ဆန်ချောဈေးတွေဟာ ပြီးခဲ့တဲ့လထက် တစ်အိတ်ကို(၁၀၀၀)၀န်းကျင်ထပ်တက်လာပြီး လက်ရှိ မြောင်းမြ ဒေးဒရဲပေါ်ဆန်း တစ်တင်းခွဲ တစ်အိတ်ကို (၅၅၀၀၀)ကျပ်၊ဘိုကလေး၊မော်ကျွန်းပေါ်ဆန်း တစ်တင်းခွဲ တစ်အိတ်ကို (၅၀၀၀၀)ကျပ် နှင့် ရွှေဘိုပေါ်ဆန်း တစ်တင်းခွဲတစ်အိတ်ကို (၆၃၀၀၀)ကျပ်ထိ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှာ ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။ လက်ရှိ ဆန်ဈေးတွေတက်နေတက်နေပေမယ့် ဆန်သစ်ပေါ်ချိန်တွေဖြစ်တဲ့ အောက်တိုဘာလမှာ  ပြန်ကျနိုင်တယ်လို့ သိရပါတယ်။

အများအားဖြင့် ဆန်သစ်ပေါ်ချိန်နီးရင် ဈေးတက်လေ့ရှိပေမယ့် ယခုနှစ်ကတော့ ပုံမှန်အချိန်ထက်စောပြီး ဈေးတက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဆန်ဈေးဟာ ပြီးခဲ့တဲ့နှစ် ယခုလိုအချိန်ထက် နှိုင်းယှဉ်ပါက ကျပ်ရှစ်ထောင် ဝန်းကျင်(၈၀၀၀)၀န်းကျင်ခန့်  ဈေးပိုများနေတယ်လို့ သိရပါတယ်။ ဆန်ဈေးတွေတက်တာကြောင့် လက်လ်ီရောင်းသူတွေ အတွက်လည်း  ရောင်းဝယ်ရာမှာ  အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ချက်တွေအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှာ ဧရာဝတီတိုင်းဒေသကြီးက တွက်ရှိတဲ့ ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်ကို  ကျပ် (၃၃၀၀၀) ပဲ ရှိခဲ့ပြီး သြဂုတ်လမှာ တော့ ကျပ်(၅၀၀၀၀) အထိ ပေါက်ဈေးရှိနေတာပါ။   ဇန်နဝါရီလမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကတော့ ကျပ် (၄၆၀၀၀) ကျပ် ရှိခဲ့ပြီး သြဂုတ်လမှာတော့ ကျပ်(၆၂၀၀၀) အထိ ဈေးပေါက်ခဲ့တယ်လို့ သိရပါတယ်။ 

 

 

 

Related News