ပြည်တွင်းမှာ မြန်မာလက်မှုပစ္စည်းများအသုံးပြုများလာတာကြောင့် မိုးရာသီကာလရောက်လာပေမယ့် မြန်မာ့လက်မှုပစ္စည်းဈေးကွက်မှာ ရောင်းအား သိသိသာသာလျော့ကျမသွားဘဲ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ ဆရာစံပလာဇာရှိ မြန်မာ့လက်မှုပစ္စည်းအရောင်းဆိုင်များမှသိရပါတယ်။


ပုံမှန်အားဖြင့် မြန်မာ့လက်မှုပစ္စည်းဈေးကွက်က ဧပြီ၊မေ၊ဇွန်၊ဇူလိုင်၊သြဂုတ်လမှာအရောင်းပါးလေ့ရှိပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှသာ အရောင်းအ၀ယ်ကောင်းလေ့ရှိတာပါ။ အရင်က နိုင်ငံခြားသားတွေကိုပဲ အားထားပြီးအရောင်းအ၀ယ်လုပ်ရပေမယ့် လက်ရှိမှာတော့  မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေကိုပြည်တွင်းက မြန်မာလူမျိုးတွေကပါတန်ဖိုးထားပြီး အိမ်တွေ နှင့် ဟိုတယ်တွေမှာ မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေနဲ့ အလှဆင်လာကြတာကြောင့် မိုးတွင်းကာလဖြစ်နေပေမယ့် အရောင်းအ၀ယ်ဖြစ်နေတာလို့ဆိုပါတယ်။ 

နိုင်ငံခြားသားတွေအနေနဲ့လည်း အခုနှစ်ပိုင်းမှာ အလှဆင်ထားတဲ့ သစ်ရိုးပန်းပုရုပ်တွေကို  နှစ်သက်လာကြတယ်လို့ သိရပါတယ်။       ဒါ့အပြင်သစ်သားပန်းပြား၊ ဆွမ်းအုပ်၊ ရွှေစောင်းတော် များအရောင်းသွက်နေတယ်လို့ဆိုပါတယ်။ ကျောက်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေအနေနဲ့ ကျောက်စီပန်းချီများကိုလည်း ၀ယ်ယူမှုတွေရှိနေပြီး ကျောက်စိမ်းထွက်ပစ္စည်းတွေလဲ ရောင်းအားကောင်းနေတယ်လို့သိရပါတယ်။ 

ကျောက်စိမ်းကတော့ ပွဲတက်ဝငတ်ဆင်မှုတွေ ပါရှိလာတာကြောင့် ပြည်တွင်းမှာပါ အရောင်းသွက်လာတာလို့သိရပါတယ်။ ကျောက်နဲ့ပတ်သက်တဲ့ လက်မှုပစ္စည်းတွေ အနေနဲ့ ကျောက်စိမ်း၊ ကျောက်စီပန်းချီတွေကို တရုတ်၊ ထိုင်း၊ ဖီလစ်ပိုင်နိုင်ငံများအပြင် ဥရောပနိုင်ငံတွေကပါ စိတ်ဝင်တစားလာရောက်ဝယ်ယူကြတယ်လို့သိရပါတယ်။

 

 

Related News