မြန်မာ-တရုတ်ပူးပေါင်းပြီး မြန်မာလုပ်သား(၄၀၀)ကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်တဲ့ Spring Line ဟိုတယ်တစ်ခုကို လှိုင်မြစ်အနီးမှာဖွင့်လှစ်ခဲ့ပါတယ်။ ဟိုတယ်က ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနားလမ်းအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အောင်ဇေယျတံတားအနီးမှာ တည်ရှိပြီး ဟိုတယ်အပြင်  အဆင့်မြင့်ကွန်ဒိုတာဝါ အဆောက်အဦပါ ပါရှိတယ်လို့ သိရပါတယ်။ အဆိုပါဟိုတယ်မှာ စားသောက်ဆိုင်၊ ရေကူးကန်၊ ဈေးဝယ်စင်တာများ၊ အိမ်ရာများ၊ ပါဝင်ပြီး ဧရိယာ Square Feet ရှစ်သောင်းကျော် အကျယ်အ၀န်းရှိတယ်လို့သိရပါတယ်။

အဓိက ကတော့ စီးပွားရေးပုံစံမျိုးတည်ဆောက်ထားတာဖြစ်ပြီး စီးပွားရေးအတွက် သီးသန့်ဆောက်လုပ်ထားတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ Spring Line Hotel Project  မှာ (၂၄)ထပ်အဆောက်အဦး(၄)လုံး၊ (၁၇)ထပ်အဆောက်အဦ(၁)လုံးပါဝင်ပြီး ခေတ်မီအိပ်ခန်း ရုံးခန်းအဖြစ်(၂)မျိုးသုံးနိုင်တဲ့Shoho Condo၊ 5Star အဆင့်မြင့် စီးပွားရေးဟိုတယ်၊ စီးပွားရေးဆိုင်ရာအသုံးပြုနိုင်တဲ့ Office Towerတွေကို ထည့်သွင်းတည်ဆောက်ထားတယ်လို့သိရပါတယ်။ မြန်မာရွှေအုတ်ခဲကုမ္ပဏီက တာဝန်ယူဆောက်လုပ်တဲ့ Spring Line Hotel Project  မှာ မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်တွေကို တွက်ချက်ပြီး စင်္ကာပူ ၊ တရုတ်၊ မြန်မာ(၃)နိုင်ငံက ဆောက်လုပ်ရေးပညာရှင်တွေပူးပေါင်းကာဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဆောက်အဦဆောက်လုပ်ရာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ချက်အတိုင်းတည်ဆောက်ခဲ့တာလို့သိရပါတယ်။ ယခုဖွင့်လှစ်လိုက်တဲ့ Spring Line Hotel Project ကို အင်းစိန်မြို့နယ်ပတ်ဝန်းကျင်မှာ  အထင်ကရ၀န်ဆောင်မှုပေးနိုင်တဲ့စီမံကိန်းမျိုးမရှိတာနဲ့ အောင်ဇေယျတံတားဘေးနားက လှိုင်သာယာစက်မှုဇုန်က စီးပွားရေးလုပ်ငန်းရှင်တွေရှိတာကြောင့် လာရောက်ဖွင့်လှစ်ဖြစ်တာလို့လည်းသိရပါတယ်။

 

 

Related News