အခုနှစ်သင်္ကြန်ကာလအတွက် သင်္ကြန်ဖက်ရှင်အ၀တ်အစားတွေ ဈေးကွက်ထဲမှာ ရောင်းချနေပြီး မနှစ်ကထက်ပိုပြီးအရောင်းသွက်နေတယ်လို့ သိရပါတယ်။နှစ်စဉ်သင်္ကြန်ကာလနီးကပ်လာတိုင်းသင်္ကြန်မှာ ၀တ်ဆင်မယ့်အ၀တ်အစားတွေ ဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီး အခုနှစ်မှာတော့ သင်္ကြန်ကာလအတွက် အင်္ကျီဒီဇိုင်းပုံစံတွေအနေနဲ့ ချည်သားအကျီပုံစံတွေအပြင် နွေရာသီကာလမှာ ၀တ်ဆင်နိင်မယ့် စပန့်အကျီတွေခေတ်စားနေပြီး သင်္ကြန်ရေစိုကာလာဖက်ရှင်တွေအဖြစ် ကြိုးတစ်ချောင်းအကျီ်တွေ အများကြီးဝင်ရောက်လာတယ်လို့ သိရပါတယ်။

သင်္ကြန်အတွက် အ၀တ်အစားတွေဟာ မတ်လကုန်ပိုင်းလောက် ကတည်းက ဈေးကွက်အတွင်းကို ၀င်ရောက်လာခဲ့ပေမဲ့ အဲဒီအချိန်တွေမှာ အရောင်းအ၀ယ်အေးခဲ့ပြီး ဧပြီလဆန်းပိုင်း ရောက်မှသာ အရောင်းအ၀ယ်ကောင်းလာတာဖြစ်တယ်လို့ သိရပါတယ်။သင်္ကြန်ကာလအတွင်းဝတ်ဆင်ဖို့ ဂျင်းအကျီများလည်းဈေးကွက်ထဲကို ၀င်ရောက်လာပြီး ဂျင်းဖက်ရှင်ဟာ မနှစ်ကလည်းခေတ်စားခဲ့တယ်လို့ သိရပါတယ်။ ဂျင်းအကျီပုံစံတွေအဖြစ် ဂျင်းဝေ့စ်စကုတ်များ၊ ဂျင်းမှိုတက်အကျီများ၊ ဂျင်းကြိုးသိုင်းဘောင်းဘီများလည်း ဈေးကွက်ထဲကို ၀င်ရောက်လာတယ်လို့ သိရပါတယ်။

ဒီအကျီတွေဟာထိုင်းနိင်ငံနဲ့ တရုတ်နိင်ငံတို့က ၀င်ရောက်လာတာဖြစ်ပြီး တရုတ်နိင်ငံကအကျီအလှဒီဇိုင်းတွေအများဆုံးဝင်ရောက်နေတယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့မဏ္ဍပ်တွေရှိပြီးလမ်းလျှောက်သင်္ကြန်လည်းရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီးအရောင်းသွက်နေတယ်လို့ သိရပါတယ်။အခုနှစ်သင်္ကြန်ဟာစည်ကားမှာဖြစ်တဲ့အတွက် သင်္ကြန်မတိုင်မီကြိုတင်ဝယ်ယူနေပြီး အခုနှစ်  ခေတ်စားမှာဖြစ်တဲ့ ဂျင်းအ၀တ်အထည်တွေ ပိုပြီးဝယ်ယူဖြစ်နေတယ်လို့ ၀ယ်ယူသူတစ်ဦးက အခုလိုပြောပါတယ်။သင်္ကြန်ကာလအတွက် အင်္ကျီဈေးနှုန်းတွေအနေနဲ့ ငွေကျပ် (၅၀၀၀)ကနေ တစ်သောင်းကျော်အထိ ဈေးနှုန်းတွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

 

Related News