မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့MPTနဲ့ နိုင်ငံတကာ မှာဖျော်ဖြေရေးဝန်ဆောင်မှုတွေကိုပေးနေတဲ့ Iflix တို့ပူးပေါင်းပြီး ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ အပြင် ရုပ်သံအစီအစဉ်တွေကိုပါကြည့်ရှုနိုင်ဖို့ ၀န်ဆောင်မှုအသစ်ကို ဧပြီလ(၉)ရက်က ရန်ကုန်မြို့စိန့်ဂျွန်း City Mall မှာရှိတဲ့JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။နိုင်ငံတကာ၊ ဒေသတွင်းနဲ့ ပြည်တွင်းရုပ်သံအစီအစဉ်တွေ၊ ရုပ်ရှင်တွေကို အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ မိုဘိုင်းလ်ဖုန်းတွေက တစ်ဆင့်ကြည့်ရှုနိုင်ဖို့ အခုလိုIflix နှင့် ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

MPT ဆင်းမ်ကဒ်အသုံးပြုသူတွေအနေနဲ့လည်းIflix မှာ မှတ်ပုံတင်ပြီးလစဉ်ကြေးကို ၁၂လစာပေးသွင်းရန်မလိုပဲ မိမိရဲ့ ဖုန်းဘေလ်ဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။MPT သုံးစွဲသူတွေအနေနဲ့ ဒီအစီအစဉ်ကို ၂၀၁၈ခုနှစ် ဧပြီ(၉)ရက်က စတင်ပြီး ၂၀၁၈ခုနှစ် ဇူလိုင်(၇)ရက်ထိ ရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။Iflix ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို စမတ်ဖုန်း၊ တက်ဘလက်၊laptop ၊ desktop တွေမှာ Device ၂ခုတစ်ပြိုင်နက် ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာIflix ကို မြန်မာနိုင်ငံအပါအ၀င် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားစတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပြင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ အသုံးပြုနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

 

 

Related News