ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် ဧပြီလ၊ သင်္ကြန်ကာလနီးလာရင် ရွှေအရောင်းအ၀ယ်သွက်ပေမယ့် ယခု(၂၀၁၈)ခုနှစ်မှာတော့ ယခင်နှစ်ကထက်ရောင်းအားထက်ဝက်လောက်ကျနေတယ်လို့ ရွှေဘုံသာလမ်းမှ ရွှေဆိုင်အချို့မှ သိရပါတယ်။ပြီးခဲ့တဲ့ နှစ်က ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ် (၈)သိန်းကျော်ရှိနေပေမယ့် ယခု(၂၀၁၈)ခုနှစ်မှာတော့  ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ်(၉)သိန်းအထက်မှာ ရှိနေတာပါ။  ဒါကြောင့် ရွှေဆိုင်တွေအရောင်းအ၀ယ်အေးရတဲ့အကြောင်းအရင်းမှာ ရွှေဈေးမြင့်တက် နေတာကလည်း အကြောင်းတစ်ရပ်နေနဲ့ ရွှေဆိုင်တစ်ချို့က သုးံသပ်ပါတယ်။

ပုံမှန်အားဖြင့် ပြည်တွင်းရွှေဈေးကွက်မှာ သင်္ကြန်ကာလနီးရင် ရွှေအရောင်းအ၀ယ်သွက် ပေမယ့် ယခုနှစ်သင်္ကြန် ကာလအနီးမှာတော့ ပုံမှန်သာရောင်းရတယ်လို့ ရွှေဆိုင်တာဝန်ရှိသူတစ်ဦးက ဈေးကွက် အခြေအနေကိုအခုလိုပြောပါတယ်။လက်ရှိ ပြည်တွင်းရွှေဈေးဟာ ၂၀၁၇ သင်္ကြန်ပြီးကတည်း မြင့်တက်လာတာ အခုနှစ် သင်္ကြန်ကာလအထိ ဖြစ်တယ်လို့ ရွှေဈေးကွက်အတွင်းမှသိရပါတယ်။ မြန်မာ့ရွေဈေးမြင့်တက် လာတာဟာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာကြောင့်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးဟာ လက်ရှိမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ(၁၃၄၀)အထိမြင့်တက်လာတယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းရွှေဈေးတက်နေတာကြောင့် အရောင်းအ၀ယ်အေးနေပေမယ့် လက်ဝတ်ရတနာ တွေတော့ လာရောက်ဝယ်ယူမှုတွေရှိတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေကအခုလို ပြောပါတယ်။ဒီကနေ့ ဧပြီ်လ(၄)ရက်နေ့အတွက် ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားကို (၉)သိန်းလေးသောင်းသုံးထောင်ရှိပြီး (၁၅)ပဲရည်တစ်ကျပ်သားကို (၈)သိန်းရှစ်သောင်း ငါးထောင့်ကိုးရာ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

 

 

Related News