ဧပြီလ(၁)ရက်က စတင်ပြီးမြန်မာနိုင်ငံရဲ့ငါး၊ပုစွန်တင်သွင်းခွင့်ကို ဆော်ဒီအာရေးဘီးယားနိုင်ငံမှ ယာယီရပ်ဆိုင်းထားတယ်လို့ မတ်လ(၁၃)ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာပြောကြားလိုက်တာဖြစ်ပါတယ်။ မွေးမြူရေးငါး၊ ပုစွန်တင်သွင်းခွင့် ယာယီရပ်ဆိုင်းထားတယ်ဆိုတာကို ဆော်ဒီအာရေးဘီးယား နိုင်ငံအနေနဲ့မြန်မာအစိုးရအဖွဲ့ကို အကြောင်းကြားပြီးဖြစ်တယ်လို့လည်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က တာဝန်ရှိတွေက ပြောပါတယ်။ ဒီလို ယာယီရပ်ဆိုင်းတာ ဟာ မြန်မာနိုင်ငံရဲ့ ရေသတ္တ၀ါတွေမှာ ကျရောက်တဲ့ရောဂါတစ်မျိုးဖြစ်တဲ့ အမြှီးဖြူရောဂါရှိတယ်လို့ကြေညာထား တာကြောင့် ပြောပါတယ်။

  မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း အမြီးဖြူရောဂါဟာ ရေချိုပုစွန်တစ်မျိုးမှာသာဖြစ်ပေါ်ခဲ့ပြီး ကျန်တဲ့ဘယ်ရေသတ္တ၀ါကိုမှကူးစက်ခြင်း မရှိဘူးလို့ပြန်လည်ပြောကြားထားတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်အရာရှိက ပြောပါတယ်။ လက်ရှိမှာတော့ရေချိုပုစွန်တွေမှာ ဒီရောဂါကင်းရှင်းသွားပြီလို့ပြောပါတယ်။ဆော်ဒီနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံရဲ့ရေသတ္တ၀ါတွေမှာ အမြှီးဖြူရောဂါရှိတဲ့အတွက် သူတို့နိုင်ငံရဲ့ရေသတ္တ၀ါတွေကို ကူးစက်မှာစိုးတာကြောင့် ယာယီရပ်ဆိုင်းခဲ့တာလို့ပြောပါတယ်။ မတ်လ(၈)ရက်ကကိုနေပြည်တော်မှာ  ဆော်ဒီသံရုံးရဲ့နိုင်ငံရေးနှင့် စီးပွါးရေးတာဝန်ခံသံမှူးနဲ့ ၊သက်ဆိုင်ရာဌာနအသီးသီးရဲ့တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူတွေ ငါး၊ ပုစွန်တင်သွင်းခွင့်ယာယီရပ်ဆိုင်းမှုနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ တယ်လို့ လဲ ပြောပါတယ်။

ဆော်ဒီအာရေးဘီးယား နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပုစွန်တွေမှာ ရောဂါရှိတယ်လို့ သံသယဖြစ်ပေါ်မှုကြောင့် မြန်မာနိုင်ငံဘက်က တင်ပို့မှုကိုရပ်ဆိုင်းပေးမယ်လို့ ပြောခဲ့ပြီး ငါးကုန် သွယ်မှုကိုတော့ မရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။အခုလိုတောင်းဆိုမှုကို ဆော်ဒီအာရေးဘီးယား သံရုံးရဲ့သံမှူးက ဆော်ဒီအစိုးရကိုတင်ပြသွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံက ဆော်ဒီနိုင်ငံကို မွေးမြူရေးငါးတင်ပို့မှုမှာ  ငါးမြစ်ချင်းတင်ပို့မှုက(၄၀)ရာခိုင်နှုန်း၊ မွေးမြူရေးငါး(၃၀)ရာခိုင်နှုန်းတင်ပို့ နေရတယ်လို့ သိရပါတယ်။

 

 

Related News