မြန်မာ-ဂျပန်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးဆောင်ကျင်းပတဲ့ ဂျပန်(၁၀) ပြားဈေးမှ ရောင်းရငွေတွေကို ပရဟိတလုပ်ငန်းတွေမှာ ပြန်လည်လှူဒါန်းတာတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့  မြန်မာ-ဂျပန်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။ မြန်မာ-ဂျပန်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးဆောင်ကျင်းပတဲ့ ဂျပန်(၁၀)ပြား ဈေးရောင်းပွဲတော်က မြန်မာ -ဂျပန်ချစ်ကြည်ရေးအနေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး နှစ်နိုင်ငံကြား ချစ်ကြည်ရေးပိုကောင်းလာအောင်  ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဈေးရောင်းပွဲတော်ကို လစဉ်ကျင်းပခဲ့တာဖြစ်ပြီး ဈေးရောင်းပွဲတော်မှာ ဂျပန်ရိုးရာအစားအစာတွေနဲ့  ဂျပန်ရိုးရာပစ္စည်းတွေ အပါအ၀င် တခြားလူသုံးကုန်ပစ်္စည်းတွေကိုလည်းလျော့ဈေးတွေနဲ့  ရောင်းချခဲ့ပါတယ်။
 
အဲ့ဒီကရရှိလာတဲ့ ရောင်းရငွေတွေကိုတော့ မြန်မာနိုင်ငံမှာ ဂျပန်သင်တန်း အခမဲ့ဖွင့်လှစ်ပေးခြင်း ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်ပေးတာတွေအပြင် တခြားပညာရေး ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့  ကျန်းမာရေးနဲ့  လူမှုရေးအပိုင်းတွေမှာ လိုအပ်တာတွေကိုပါ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဂျပန်(၁၀)ပြားဈေးရောင်းပွဲတော်ကို စတင်ကျင်းပခဲ့တဲ့အချိန်ကထက် စာရင်ဈေးရောင်း ပွဲတော်မှာ လာရောက်ရောင်းချတဲ့ဆိုင်ခန်းအရေအတွက် တိုးလာသလို ဈေးရောင်းပွဲတော်ကို လာရောက်ဝယ်ယူကြတဲ့ ပြည်သူတွေကလည်း ယခင်ကထက်စာရင် စိတ်ဝင်စားမှုပိုများလာတယ်လို့ သိရပါတယ်။ ဂျပန် (၁၀)ပြားဈေးရောင်းပွဲတော်ကို မနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အောက်တိုဘာလ (၅)ရက်နေ့ မှာ ကျင်းပတဲ့ ဂျပန်(၁၀)ပြားဈေးရောင်းပွဲတော်ကတော့ ငါးကြိမ်မြောက်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ကျင်းပတဲ့ဂျပန်(၁၀)ပြားဈေးရောင်းပွဲတော်မှာတော့ ဂျပန်သီချင်းဆိုပြိုင်ပွဲ ၊ ဂျပန်အစားအစာဆူရှီပြိုင်ပွဲတွေအပြင် လာရောက်ဝယ်ယူတဲ့ပြည်သူတွေအတွက် ကံစမ်းမဲအစီစဉ် တွေပါ ပါဝင်တယ်လို့ သိရပါတယ်။ ဂျပန်(၁၀)ပြားဈေးရောင်းပွဲတော်ကိုတော့ လစဉ် တစ်ရက်သာကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
 
 

Related News