ကမ္ဘာကျော် ကောက်ကြောင်းအလှပိုင်ရှင် ကင်မ်ကာဒါရှီရန်သည်သူမ၏ကိုယ်ပိုင်KKW beauty brand ဖြင့် မိတ်ကပ်ထုတ်လုပ် တော့မည်ဟုသိရသည်။ သူမပထမဆုံးထုတ်လုပ်မည့်အရာမှာခရင်မ်အရောင် Contour နှင့် Highlight kit ဖြစ်ကြောင်းသိရသည်။ ကင်မ်သည်ဟာသူမ၏ official instagram ဖြစ်သည့် KKW beauty တွင်သူမထုတ်လုပ်မည့် Contouring stick ၏နမူနာဘူးပုံစံကို ပြသထားသည်ဟုသိရသည်။ အဆိုပါ Contouring နှင့် Highlight kit  လေးကို light ၊ medium ၊ dark ၊ deep dark ဆိုပြီးအရောင်လေးမျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ပြီးလာမည့် ဇွန်လ (၂၁)ရကတွင် kkwbeauty.com ၌ စတင်ရောင်းချနိုင်ချေရှိကြောင်းသိရသည်။

၎င်း Contouring stick ၏ packaging ပုံစံသည်ပန်းရောင်အပိတ်ဘူး ဖြစ်နေခြင်းကြောင့် ညီမဖြစ်သူKylie ၏မိတ်ကပ်ပစ္စည်းများဖြင့်ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်နိုင် ကြောင်းအချို့က ဝေဖန်သုံးသပ်နေကြသည်ဟု သိရသည်။ ကင်မ်ကာဒါရှီရန်သည်ကမ္ဘာကျော် ရက်ပ်ပါကာညေးဝက်စ်၏ဇနီးဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာ၊ မိုဒယ်လ်၊ ရုပ်သံထုတ်လုပ်သူ ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်သည်။

 

 

Related News