အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ MyJobs. com.mm  တို့ပူးပေါင်းပြီး ၂၀၁၇ ခုနှစ် အလုပ်အကိုင်ပြပွဲကို ဇွန်လ(၁၈)ရက်က ရန်ကုန်မြို့၊Rose Garden Hotel မှာပြုလုပ်ခဲ့ပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်စေဖို့နဲ့ အလုပ်အကိုင်ရှာဖွေသူတွေနဲ့ အလုပ်ရှင်တွေတစ်နေရာထဲမှာ အချိန်တိုအတွင်းအဆင်ပြေနိုင်စေဖို့ ရည်ရွယ်ပြီး အလုပ်အကိုင်ပြပွဲကိုပြသတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအလုပ်အကိုင်ပြပွဲမှာတော့ ကုမ္ပဏီပေါင်း (၃၈)ခုပါဝင်ပြီး အလုပ်အကိုင်နေရာပေါင်း (၅၀၀)ကျော်အတွက် ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် အလုပ်အကိုင်တွေထဲမှာ Sale & Marketing Engineering နဲ့ HR စတဲ့ လုပ်ငန်းပိုင်းတွေကိုပိုမိုခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။အလုပ်လာရောက်ရှာဖွေ တဲ့သူတွေအနေနဲ့ အခုလို အလုပ်အကိုင်ပြပွဲတွေဟာ တစ်နေရာထဲမှာ လုပ်ငန်းအစုံရှိတာကြောင့် အလုပ်ရှာရ တာလွယ်ကူတဲ့အတွက်အဆင်ပြေတယ်လို့ပြောပါတယ်။ဒီအလုပ်အကိုင်ပြပွဲမှာ ဆရာကောင်းသန့်ကလည်း လူငယ်တွေအတွက် လူငယ်နဲ့ အနာဂတ် ခေါင်းစဉ်နဲ့ ဟောပြောပွဲပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။

 

 

Related News