ပထမဆုံးအကြိမ် မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို  ဇွန်လ(၁၆)ရက်ကနေ(၁၈)ရက်အထိ  ရန်ကုန်မြို့တပ်မတော်ခန်းမမှာ ပြုလုပ်နေပါတယ်။ မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို မြန်မာလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှုးပြုလုပ်တာဖြစ်ပြီး စွန့်ဦးတီထွင်ပွဲတော်ပြုလုပ်တာဟာ ဒါပထမဆုံးအကြိမ်လို့သိရပါတယ်။ ပွဲကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ လူငယ်စွန့်ဦးတီထွင်သူတွေ အတွက် ဈေးကွက်ချိတ်ဆက် ပေးဖို့ငွေကြေးအရင်းအနှီး ချိတ်ဆက်ပေးဖို့နဲ့ နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေ ပါဝင်တယ်လို့သိရပါတယ်။

ယခုပြုလုပ်တဲ့ပြပွဲမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အသေးစားအလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်တွေ ပါဝင်ပြီး အစားအသောက်၊ စက်ပစ္စည်းလက်မှုပစ္စည်း အစရှိတာတွေကို ပါဝင်ပြသထားပါတယ်။ ပြပွဲမှာ ဆိုင်ခန်းပေါင်း(၁၃၄)ခန်းကို ပါဝင်ပြသထားပါတယ်။ မြန်မာလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းအနေနဲ့ယခင်က လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် Job Fairတွေ ပြုလုပ်ခဲ့ဖူးပြီး  အခုပြုလုပ်တဲ့ မြန်မာစွန့်ဦးတီထွင်ပွဲတော်မှာတော့ ကုမ္ပဏီတွေနဲ့အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေ အပါအ၀င် စီးပွားရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊အခမဲ့သင်တန်းတိုတွေနဲ့ အခမဲ hGame ကစားတဲ့ အစီအစဉ်တွေပါဝင်တယ်လို့သိရပါတယ်။

 

Related News