Coca-cola Pinya Beverages Myanmar  မှ စွမ်းဆောင်မှု ကြီးကြပ်ရေးသင်တန်း (STEP) သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကို ဇွန်လ ၁၅ရက်က စိမ်းလန်းစိုပြည်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းဟာ CCPBM မှ မန်နေဂျာများနှင့် ကြီးကြပ်သူများကို လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်မှု စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး အသိပညာဗဟုသုတများကို သင်ကြားပြသ ပေးတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။သင်တန်းကာလ ၉ လကြာမြင့်ပြီး Module ၃ခုခွဲ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှ စတင်ကာ အခုချိန်ထိ STEP  သင်တန်းပြီးမြောက်ခဲ့တဲ့ ၀န်ထမ်းပေါင်း ၁၂၀ ရှိနေခဲ့ပြီး အခုပြုလုပ်တဲ့ ၅ ကြိမ်မြောက် သင်တန်းမှာ ၀န်ထမ်း(၂၅)ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။Coca-cola Pinya Beverages Myanmar  အနေနဲ့ အခုသင်ကြားပေးတဲ့ STEP  သင်တန်း အပြင် ၀န်ထမ်းများစွမ်းဆောင်ရည်ဖွံဖြိုး တိုးတက်ရေးအတွက် အခြားသင်တန်းများကိုပါ သင်ကြား ပေးသွားမယ်လို့လည်း သိရပါတယ်။

 

 

Related News