ပြည်တွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ အစားအသောက်တွေကို ရှာဖွေနိုင်မယ့်  application တစ်ခုကို ဇွန်လ ၉ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။ ဒိုးမယ်လို့နာမည်ပေးထားတဲ့ ဒီ  Application ကတော့ စားသောက်ဆိုင်တွေရဲ့နေရာ၊ အစားအသောက်တွေနဲ့ဈေးနှုန်းတွေကို ရှာဖွေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လမ်းဘေးဆိုင်ကအစ ဘားအထိပါဝင်မှာဖြစ်ပြီး အစားအသောက် အမျိုးအစားအလိုက်လည်း ရှာဖွေနိုင်ပါတယ်။ လက်ရှိမှာတော့ ဒီ  application  မှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေက စားသောက်ဆိုင် (၃၀၀၀)ကျော်လောက် ပါဝင်မှာဖြစ်ပြီး  ပုဂံ၊ အင်းလေး၊ တောင်ကြီးအပါအ၀င် တခြားမြို့တွေက ဆိုင်တွေကိုလည်း ထည့်သွင်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒီ  applicationကိုအသုံးပြုရာမှာ ဖုန်းရဲ့ UGPSကိုဖွင့်ရမှာဖြစ်ပြီး ကိုယ်ရောက်နေတဲ့နေရာမှာ အနီးတ၀ိုက်က ဆိုင်တွေကိုတွေ့မြင်နေရမှာပါ။

Code2Lab  ဆိုတဲ့အဖွဲ့က ပြုလုပ်ထားတဲ့ ဒDoe Mal application  ကိုတော့ Android ဖုန်းတွေအတွက်Google Play Store  နဲ့Zapya Network  တွေကနေ အခမဲ့ဒေါင်းယူ အသုံးပြုနိုင်ပြီး IOS တွေအတွက်တော့ မကြာခင်ထွက်ရှိမယ်လို့ သိရပါတယ်။နောက်ပိုင်းမှာတော့ ဆိုင်တွေရဲ့ promotion  တွေနဲ့  Game  အစီအစဉ်တွေကိုလည်း ထည့်သွင်းဖော်ပြပေးမှာဖြစ်ပြီးဆိုင်တွေနဲ့ပေါင်းပြီး အရောက်ပို့ဆောင်ပေးတဲ့စနစ်ကိုပါ ထည့်သွင်းနိုင်အောင် ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဆိုင်တွေရဲ့ Update အခြေအနေတွေ၊ ဈေးနှုန်းနဲ့နေရာ အပြောင်းအလဲတွေကိုလည်း စောင့်ကြည့်ပြင်ဆင်ပေးနေတယ်လို့ ပြောပါတယ်။Code2Lab  အနေနဲ့ ဒီ Doe Mal application    မတိုင်ခင် စားသောက်ဆိုင်တွေအတွက် အရောင်းစနစ်တစ်ခု ဖြစ်တဲ့ Smart Sales  ကိုလည်း တီထွင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News