Myanmar Property Award 2017 အတွက် မြန်မာအိမ်ခြံမြေကုမ္ပဏီ(၁၂)ခု ဆန်ခါတင် ပါဝင်လာတဲ့စာရင်းကို ဇွန်လ(၆)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကြေညာခဲ့ပါတယ်။ပြည်တွင်းမှာရှိတဲ့ အိမ်ခြံမြေစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့အနာဂတ်မှာ အရည်အသွေး မြင့်မားတဲ့ ဆောက်အုံတွေတည်ဆောက်ရန်၊ ဒီဇိုင်းနဲ့ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်တာတွေကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး အခုလို ပြည်တွင်းက အိမ်ခြံမြေကုမ္ပဏီတွေကို ဆုချီးမြှင့်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ Myanmar Property Award 2017 မှာ ပြည်တွင်းမှာရှိတဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ စီမံကိန်းတွေကို အသိအမှတ်ပြုတဲ့ ဆုတွေ ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Property Award 2017 အတွက် နောက်ဆုံးဆန်ခါတင်ရွေးချယ်ရာမှာ ပြည်တွင်းက ဆောက်လုပ်ရေးကုမ်္ပဏီတွေကို ယဉ်ကျေးမှုထိန်းသိမ်းရေး စောင့်ရှောက်မှုဆု၊ အကောင်းဆုံး ဘုံဒီဇိုင်းဆောက် လုပ်မှုဆု၊ အကောင်းဆုံးကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံး အိမ်ရာဆောက်လုပ်မှုတို့အပြင် တခြားဆုတွေလည်းပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Myanmar Property Award 2017 ဆုပေးပွဲမှာ ဆုရရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ Asia Property Awards အတွက် အာရှအတွင်းမှာရှိတဲ့  ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းအပါအ၀င်တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိသူကို ၂၀၁၇ နိုဝင်ဘာလ စင်္ကာပူနိုင်ငံမှာကျင်းပမယ့် အာရှအိမ်ခြံမြေ ဆောက်လုပ်ရေးဆုပေးပွဲမှာ ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News